နေပြည်တော်၊ စက်တင်ဘာ - ၂၇
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့ နယ်ရှိ လူမှုရေးအဖွဲ့အစည်း (Volunteer)များအတွက် ဆန်၊ ဆီ၊ ပဲနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်