Skip to main content

တောင်ကြီးမြို့၌ ကောင်းမွန်သော ရေးသတ္တဝါမွေးမြူရေး ကျင့်စဉ်သင်တန်း ဖွင့်လှစ်

တောင်ကြီး စက်တင်ဘာ ၂၅

ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန်၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (GAqP) နည်းစနစ်ဖြင့် မွေးမြူ တတ်စေရန်၊ အစားအသောက် ဘေးဥပဒ်ကင်းရှင်းသည့် မွေးမြူ ရေး ရေထွက်ကုန် ငါးရိက္ခာများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး သင်တန်း ခန်းမ၌ GAqP သင်တန်းအား စက်တင်ဘာ ၂၂ ရက်မှ ၂၃ ရက် အထိ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးလွှမ်းမိုးဇော်က အဖွင့်အမှာ စကား ပြောကြားပြီး ညောင်ရွှေ ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိမိခိုင်က GAqP ကျင့်စဉ် အတိုင်း ငါးမွေးမြူရာတွင် လိုက်နာရမည့်အခြေခံမူ (၄)ရပ် တို့ကို သိရှိလိုက်နာဆောင်ရွက် နိုင်ရေး အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနရုံးနှင့် ညောင်ရွှေငါးလုပ်ငန်း စခန်းမှ ဝန်ထမ်း ၁၁ ဦး၊ ညောင်ရွှေ မြို့နယ်မှ ငါးမွေးတောင်သူခြောက်ဦး စုစုပေါင်း ၁၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်