မအူပင် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မအူပင်ခရိုင် တလုပ်လှ ငါးလုပ်ငန်းစခန်း၌ စက်တင်ဘာ ၂၃ ရက်က ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်း ဦးစီးဌာနမှူး ဦးသော်ထွန်းဦးက သင်တန်းဖွင့်အမှာစကားနှင့် ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ ပြောကြားခဲ့သည်။ ဆက်လက်ပြီး တလုပ်လှငါးလုပ်ငန်း စခန်းတာဝန်ခံ ဒေါ်အေးအေးမင်းနှင့် ဝန်ထမ်းများက GAqPနှင့် သက်ဆိုင်သည့် သင်ခန်းစာများအား ပို့ချပေးပြီး ငါးလုပ်ငန်း စခန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် GAqP model farm ပြုလုပ်ထားရှိ မှုအား လှည့်လည်ကြည့်ရှု ရှင်းလင်းပြသ ဆွေးနွေးခဲ့သည်။ အဆိုပါသင်တန်းသို့ ငါးမွေးမြူသူများနှင့် ဝန်ထမ်းများ ၁၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်