နေပြည်တော် စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် သောကြာပြင် ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်အနီးတွင် တစ်ရွာတည်းနေအကြမ်းဖက် လူတစ်စုက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် အပြစ်မဲ့ကလေးငယ်တစ်ဦး မိုင်းစ ထိမှန် သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် သောကြာပြင်ကျေးရွာ ဆင်မင်းရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူဒေါ်ကြည်ဌေး (ဘ)ဦးအေးရှီနှင့် တူမဖြစ်သူ မအိအိငယ်(ဘ) ဦးမောင်လေး(အသက် ၁၃ နှစ်) တို့သည် စက်တင်ဘာ ၂၁ ရက်နံနက် ၇ နာရီခွဲခန့်တွင် နေအိမ်ရှေ့ ခြံစည်းရိုး အနီး၌ပန်းခူးနေစဉ်တစ်ရွာတည်းနေ အကြမ်းဖက်သူ များထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် မအိအိငယ်သည် ဖြစ်စဉ်နေရာ၌ပင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဒေါ်ကြည်ဌေးသည် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက တရားခံများအား ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက်ညပိုင်းတွင် တစ်လမ်းတည်းနေထိုင်သူ စိုးမင်းထွေး(ဘ) ဦးလှရွှေအား ဦးစွာဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အဆိုပါဖြစ်စဉ်၌ ကျေးရွာနေသူများ ဖြစ်သည့် ဟိန်းသူအောင် (ဘ) ဦးအောင်၊ ကျော်စိုး (ဘ)ဦးလှရှိန်နှင့် စောရွှေ(ဘ)ဦးလှရှိန်တို့သုံးဦးပါဝင်ခဲ့ ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသူအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးနှင့် ပါဝင်ပတ်သက် သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်