နေပြည်တော် စက်တင်ဘာ ၂၅
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီး ဌာနနှင့်အခြားဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ Glpusap: Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၆၅ ဦးနှင့် အမျိုးသမီး ၄၈ ဦး စုစု ပေါင်း ၁၁၃ ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခို ရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာ အမျိုးသား ၁၁ ဦး နှင့် အမျိုးသမီး ခုနစ်ဦး စုစု ပေါင်း ၁၈ ဦးကို လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း သိရသည်။
အဆိုပါစောင့်ကြည့်လူနာများ နှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်