Skip to main content

ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၂၅

တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက် ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

မိုးစပါးစံပြစိုက်ခင်းစိုက်ပျိုးထားမှုကြည့်ရှု

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် လက်ဝဲဒဏ်ပြင်ရှည်ကျေးရွာရှိ မိုးစပါးစံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် ဘူးသီး တောင်တပ်နယ်၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များရှိ မွေးမြူရေးလုပ်ငန်းများကို လည်းကောင်း၊ ကမ်းရိုး တန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး ပလောက်မြို့ရှိ နယ်မြေခံတပ်ရင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဒေသခံတိုင်းရင်းသားများ၏သီးနှံများဝယ်ယူ

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ စိုက်ခင်းများမှသီးနှံများအား နယ်မြေခံတပ်မတော် သားများက ဝယ်ယူပေးလျက် ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး မောတောင်မြို့ရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများမှ သီးနှံများကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သား များက သွားရောက်ဝယ်ယူအားပေး ခဲ့ပြီး အဆိုပါ ဝယ်ယူခဲ့သည့်သီးနှံများကို နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များနှင့် ကိုဗစ်စင်တာများသို့ပေးအပ် လှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်