နေပြည်တော်၊ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင် များအား ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက အဆိုပါမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏တင်ပြချက်များအပေါ် လိုအပ် သည်များညှိနှိုင်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ အသီးသီးထောက်ပံ့ပေးအပ်သည်။
ထို့အပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် များအတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များများအား သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ယနေ့တွင် သွားရောက် တွေ့ဆုံပြီး စားသောက်ဖွယ်ရာများနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်