နေပြည်တော် စက်တင်ဘာ ၂၃
တက်ရောက်
ယင်းအစည်းအဝေးများတွင် SEACEN အဖွဲ့ဝင် ဗဟိုဘဏ် ၁၉ ဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ SEACEN အမှုဆောင်ဒါရိုက်တာနှင့် ဒါရိုက်တာများ၊ အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ် (BIS)မှ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်သည်။
စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသည့် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့- အပြည်ပြည် ဆိုင်ရာ စာရင်းရှင်းလင်းရေး ဘဏ်တို့၏ အဆင့်မြင့် အရာရှိများဆွေးနွေးပွဲ(SEACEN-BIS High-Level Seminar) တွင် ဘရူနိုင်းဗဟိုဘဏ်၏ မန်နေးဂျင်း ဒါရိုက်တာ Madam yM Dayang Hajah Rokiah Haji Badar နှင့် SEACEN အမှုဆောင်ဒါရိုက်တာ Dr.Mangal Goswami တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ “Changing Nature of Capital Flows and their Implications" ခေါင်းစဉ်ကို အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေး ဘဏ်မှ စီးပွားရေးအကြံပေး Mr. Hyun Song Shin က ဦးဆောင်ဆွေးနွေးပြီး သိရှိလိုသည့် မေးခွန်း များကို ပြန်လည်ဖြေကြားသည်။
ဆွေးနွေးပြောကြား
ထို့နောက်"Challenges Central Banks in the region will face in the short to medium term in this new landscape" ခေါင်းစဉ်ကို အင်ဒိုနီးရှားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Ms. Rosmaya Hadi ထိုင်းဗဟိုဘဏ်၊ လက်ထောက်ဥက္ကဋ္ဌ Ms. Alisara Mahasandana တို့ကဦးဆောင်ဆွေးနွေးပြီး သိရှိလိုသည့်မေးခွန်းများကို ပြန်လည်ဖြေကြားသည်။ ထို့နောက် Changing Nature of Capital Flows to Emerging and Frontier Economies - Managing Capital Flows and "Taper Redux"ခေါင်းစဉ်ကို citi ၏ မန်နေးဂျင်းဒါရိုက်တာ Mr. David Lubin နှင့် PIMCO ၏ ဒုတိယဥက္ကဋ္ဌ Mr. Gene Frieda တို့က ဦးဆောင်ဆွေးနွေးပြီး အိန္ဒိယ ဗဟိုဘဏ်မှ အမှုဆောင်ဒါရိုက်တာ Mr. Mridul Saggar က Discussant အဖြစ် ဆောင်ရွက်ခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် SEACEN အဖွဲ့ဝင်ဗဟိုဘဏ် ၁၉ဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ SEACEN အမှုဆောင်ဒါရိုက်တာ၊ ကိုယ်စား လှယ် အဖွဲ့ဝင်များက ၎င်းတို့၏အတွေးအမြင်များ၊ အတွေ့ အကြုံများကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြ သည်။
စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသည့် အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများ အစည်းအဝေး (20th Meeting of the SEACEN Executive Committee)တွင် ၂၀၂၀ - ၂၀၂၂ ဘဏ္ဍာနှစ်အတွက် SEACEN စင်တာကကြီးမှူး ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာမြောက် စီမံကိန်းများ ဆောင်ရွက်မှု၊ လာမည့် ၂၀၂၂ ခုနှစ် အတွင်း ဆောင်ရွက်မည့် ဦးစား ပေးလုပ်ငန်းများ၊ ၂၀၂ ခုနှစ်အတွက် ဘတ်ဂျက်လျာထားမှု၊ SEACEN အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂ ခုနှစ်အတွင်း သင်ကြားပို့ချမည့် ဗဟိုဘဏ်နှင့် သက်ဆိုင်သည့် ဘာသာရပ်ဆိုင်ရာ သင်တန်းခေါင်းစဉ်များနှင့် SEACEN သုတေသနစီမံကိန်းများ၊ ၂၀၂ခုနှစ်အတွင်း SEACEN မှ အဖွဲ့ဝင် ဗဟိုဘဏ်များမှ သင်တန်းသား များအတွက် ပညာသင်ဆုပေးအပ်မှုလျာထားချက် များ၊ SEACEN ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ SEACEN အမှုဆောင်ဒါရိုက်တာ Dr.Mangal Goswami နှင့် ဘရူနိုင်းဗဟိုဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ Madam YM Dayang Hajah Rokiah Haji Badar တို့က တင်ပြဆွေးနွေးခဲ့ရာ SEACEN အဖွဲ့ဝင် ဗဟိုဘဏ် ၁၉ဘဏ်တို့မှ ဒုတိယ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များက ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်