Skip to main content

ရွှေတောင်ပံအငြိမ့် ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်၊ စက်တင်ဘာ ၂၄

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဖျော်ဖြေရေးအစီအစဥ်များကို တင်ဆက်လျက်ရှိရာ “ရွှေတောင်ပံအငြိမ့်  ဖျော်ဖြေပွဲကို စက်တင်ဘာ (၂၅)ရက်၊ စနေနေ့ ည(၈) နာရီသတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ယင်းဖျော်ဖြေမှုကို လုံမေပျိုမှစီစဉ်ပြီး  စံမတူနိုင်မင်းစိုး(ဆိုင်း)၏  တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ဝေ‌ဖူးနွယ်၊  ရှေ့ထွက်မင်းသမီး ငုဝါပွင့်၊ လူရွှင်တော်များဖြစ်ကြသည့် ဓာတ်လင်း၊ ဥသြ၊ မိုးဖြူနှင့်ရန်နိုင်တို့က ဖျော်ဖြေတင်ဆက် ကြမည် ဖြစ်သည်။

(သတင်းစဉ်)