Skip to main content

ဘာသာသာသနာတို့၏ အဆုံးအမနှင့်အညီငြိမ်းချမ်းသာယာမှုကို တည်ဆောက်

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိတို့နိုင်ငံတွင် နိုင်ငံသား ကိုင်းသည် ဘာသာသာသနာရေး တွင် လွတ်လပ်စွာ ယူဆနိုင် သော အခွင့်အရေး၊ လွတ် လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့် အရေးကို အညီအမျှရှိသည်။ ဗုဒ္ဓဘာသာသာသနာကို နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ် သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟူ၍လည်းကောင်း ခရစ်ယာန်၊ အစ္စလာမ် ဟိန္ဒူဘာသာသာသနာများနှင့် နတ်ကိုးကွယ်မှု တို့ကိုလည်း နိုင်ငံ တော်တွင် တည်ရှိနေ ကြသည့် ကိုးကွယ် ရာဘာသာများဟူ၍ လည်းကောင်း အသိအမှတ်ပြု ပြဋ္ဌာန်းထားကာ နိုင်ငံတော် က အသိအမှတ်ပြုထားသော ဘာသာသာသနာ များကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိ သည်။

နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများကို အကြောင်းပြုကာ ဆန္ဒပြမှု၊ ဆူပူအုံ ကြွမှု၊ လက်နက်ကိုင်သောင်း ကျန်းမှုနှင့် အကြမ်းဖက်မှုများ၏ ဖြစ်စဉ်အဆင့်ဆင့်တို့တွင် အကြမ်း ဖက် သမားများနှင့်တကွ အကြမ်းဖက်အားပေးမီဒီယာတို့က ဘာသာရေး သွေးခွဲမှုတို့ ကိုလည်း ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လာကြသည်။ ဓူရနှစ်ဖြာနှင့် လူသားအကျိုးပြု ပရဟိတ လုပ်ငန်း များ ကြိုးပမ်း ထမ်းဆောင်နေကြသည့် ရဟန်းသံဃာများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြ သကဲ့သို့ ဗုဒ္ဓဘာသာနှင့် အခြား ဘာသာများအကြား သံသယနှင့် ပဋိပက္ခများဖြစ်ပေါ်လာစေမည့် အကြောင်း တရားများ ကိုလည်း ဖန်တီးခဲ့ကြသည်။ စင်စစ်အား ဖြင့် ဤနည်းလမ်းသည် ရခိုင် ပြည်နယ် မြောက်ပိုင်းအရေးတွင် အကြမ်းဖက်အာဆာတို့က ကျင့်သုံးခဲ့သည့် နည်းလမ်းဖြစ်ပြီး ဘင်္ဂါလီအရေး ကို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အရေးအဖြစ်မှ အစ္စလာမ်ဘာသာဝင်များကို နှိပ်ကွပ် သည့် ဘာသာ ရေးဖိနှိပ်မှု အဖြစ် ကမ္ဘာနှင့် အိုအိုင်စီနိုင်ငံများက မြင်လာအောင် မီဒီယာများအကူ အညီဖြင့် လှည့်စားခဲ့ကြခြင်း ဖြစ်သည်။

ဘာသာရေးသည် လူသားတို့၏ စိတ်နှလုံးကို သိမ်းကျုံးယူနိုင် သည့် အစွမ်းသတ္တိရှိရာ နိုင်ငံရေး သမား လူညစ်များနှင့် အကြမ်းဖက် အဖွဲ့အစည်းတို့က အသုံးချလေ့ရှိကြသည်ကို ကမ္ဘာ့သမိုင်းတွင် လည်းတွေ့ရှိနိုင်သည်။ ချင်းပြည်နယ် ထန်တလန်မြို့တွင် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ခိုက်မှုဖြစ်စဉ် တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀၀ ခန့်က လူနေ အိမ်များကို အကာအကွယ်ယူကာ နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင် များကို ပစ်ခတ်တိုက်ခိုက် မှုဖြစ်ပွားခဲ့ပြီး လူနေ အိမ် အလုံး ၂၀ နှင့် လမ်းဦးစီးရိပ်သာ သုံးထပ် အဆောက်အအုံတို့ မီးလောင်ခဲ့သည်။ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ကျည်ထိမှန်သေဆုံး မှုသည် တိုက်ပွဲဖြစ်ပွားပြီးနောက် အချိန် တစ်နာရီခွဲကျော်ကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စ နှင့်ပတ်သက်၍ တစ်ဖက်သတ်စွပ်စွဲမှုများ၊ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်လာခဲ့ကြသည်။ အဆိုပါသတင်းများကို အခြေခံ၍ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းအချို့ကသဘောထားထုတ်ပြန် ချက်များကို ထုတ်ခဲ့ကြသည်။

တိုက်ခိုက်မှုများဖြစ်ပွားခြင်း၊ လူနေအိမ်ခြေများ မီးလောင်ပျက်စီး ခြင်း၊ သာသနာ့ဝန်ထမ်းများ၊ အရပ်သားများ ထိခိုက်သေဆုံးကြရ ခြင်း၊ အိုးအိမ်များကိုစွန့်ခွာ၍ တိုက်ပွဲရှောင်ထွက်ပြေးရခြင်း စသည်တို့မှာ မည်သည့်ဒေသ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာ ဝင်များ ဖြစ်စေ စိတ်မချမ်းမြေ့ ဖွယ်ရာများပင်ဖြစ်သည်။ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကိုးကွယ်ရာဘာသာ ပေါင်းစုံတို့နှင့် ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်ပြီး သမိုင်းစဉ်တစ်လျှောက် စည်းလုံး ညီညွတ်စွာ နေထိုင်ခဲ့ကြသလို နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတွင် လည်းကောင်း၊ လွတ်လပ်ပြီးနောက် နိုင်ငံတော်ထူထောင်ရေး။ လွတ်လပ်မှုထိန်းသိမ်းရေးတို့တွင်လည်းကောင်း စည်းလုံးညီညွတ် ခဲ့ကြသူ များဖြစ်သည်။ အကြမ်းဖက်အဖွဲ့အစည်း NUG ၊ CRPH နှင့် အကြမ်းဖက်ဝါဒ အားပေးနေသည့် မီဒီယာများက မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား ပြည်သူများအချင်းချင်း၊ ကိုးကွယ်ရာဘာသာ များအချင်းချင်း သံသယ ဝင်အောင်၊စိတ်ဝမ်းကွဲအောင်ပြုလုပ်ကာနောက်ထပ်မီးမွှေးနေခြင်းပင် ဖြစ်သည်။ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု၍ စည်းလုံး ညီညွတ်မှုကို ပျက်ပြားကာ အကြမ်းဖက်သမားတို့အလိုကျ ပဋိပက္ခ များ ဖြစ်ပေါ်မလာစေရေးအတွက် ဘာသာသာသနာ တို့၏ အဆုံးအမ နှင့်အညီ ဆင်ခြင်တုံတရားပြည့်ဝစွာဖြင့် ငြိမ်းချမ်းမှုတို့ တည်ဆောက် နိုင်ကြပါစေ ကြောင်း။