Skip to main content

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ကြိုးပမ်း

နိုင်ငံတော်တွင် ကိုယ်ပိုင်ဘဏ္ဍာငွေ တောင့်တင်းခိုင်မာမှသာ တိုင်းပြည်နှင့်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက် ရေးကို အစဉ်တိုးတက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တိုင်းပြည် ဘဏ္ဍာငွေ မတောင့်တင်းသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) ဘဝသို့ ရောက်ခဲ့ “သည်။ နိုင်ငံ့ဘဏ္ဍာငွေ မတောင့်တင်းသဖြင့် ပြည်ပချေးငွေ ရယူနေရခြင်းသည် ဆင်းရဲတွင်းနက်စေသည်။ နိုင်ငံ့ဘဏ္ဍာငွေ တောင့်တင်း လာပါက ပြည်ပချေးငွေ ရယူမှုမှာလည်း လျော့နည်းလာပြီး တိုင်းပြည်လည်း စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက် လာမည်ဖြစ်သည်။

တိုင်းပြည်ဘဏ္ဍာငွေ တောင့်တင်းခိုင်မာရန်အတွက် အခွန်အကောက်များ ပြည့်ပြည့်ဝဝရရှိရေးနှင့် သဘာဝသယံဇာတကဏ္ဍမှ ရငွေများ၊ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံ မှုများမှ ရငွေများ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၏နိုင်ငံတော်သို့ထည့်ဝင်ငွေများ ကို စနစ်တကျ စီမံဆောင်ရွက်ရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်အခန်းကဏ္ဍမှာ များစွာရှိနေသဖြင့် နိုင်ငံတော်၏ တာဝန်ယူမှုအပိုင်းမှာ ကြီးမား ကျယ်ပြန့်နေသည်။ ထို့ကြောင့် နိုင်ငံ့ဘဏ္ဍာတောင့်တင်းခိုင်မာရေးအတွက်ကြိုးပမ်းဆောင်ရွက်ကြသလို တစ်ဖက်တွင် အလေ အလွင့်အချည်းအနှီးမဖြစ်စေရေး စနစ်တကျဆောင်ရွက်ကြရသည်။ နိုင်ငံ၏ အမျိုးသားစီမံကိန်းများအောင်မြင်အောင် တက်ညီလက်ညီအကောင် အထည်ဖော် ဆောင်ရွက်ကြရ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသား စီမံကိန်းကော်မရှင် အစည်းအဝေး (၁/၂၀၂၁) တွင် “ယခု(၆)လ အမျိုးသားစီမံကိန်းသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပြန်လည် ရှင်သန်ပြီး ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက် -အကူပြုရန် ရည်ရွယ်ပါကြောင်း၊ ထို့ကြောင့် ယခု (၆) လ စီမံကိန်း ကာလတွင် ကဏ္ဍအလိုက်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လျာထားခဲ့သည့် ရည်မှန်းချက်များ ပြည့်မီရေးကို အထူး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပြီး ထိုသို့ဆောင်ရွက်မှသာလျှင် ကာလတိုအတွင်း လျင်မြန်ထိရောက်သည့်ရလဒ် (Quicle Win) ကို ရရှိမည်ဖြစ်ကြောင်း” မှာကြား ခဲ့သည်။ တစ်ဆက်တည်းတွင် ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်အစည်းအဝေး(၁/၂၀၂၁)၌ “မိမိတို့ အတွက် အသုံးစရိတ်များကို အတတ်နိုင်ဆုံးချွေတာခြင်း၊ ပကာသနများမပြုလုပ်ခြင်းနှင့် ရသင့် ရထိုက်သည့် အခွန်များ ရရှိအောင်ဆောင်ရွက်ခြင်းသည် တိုင်းပြည်ဘဏ္ဍာရေး အားကောင်းမှုကို များစွာအထောက်အကူဖြစ်စေမည်”ဟု မှာကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံ တော်၏တာဝန်အရပ်ရပ်ကို စတင် တာဝန်ယူခဲ့ပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို မူဝါဒအဖြစ်ချမှတ်ကာ နိုင်ငံဖွံ့ဖြိုးရေးကို အခက် အခဲများ၊ စိန်ခေါ်မှုများကြားမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေကို ပြန်လည်သုံးသပ်ကြည့်ပါက ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွားလုပ်ငန်းအပါအဝင် ဝန်ဆောင်မှု လုပ်ငန်းများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် အချို့သော ကုန်ထုတ်လုပ် ငန်းများရပ်ဆိုင်းခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် များ ကျဆင်းခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်မှစတင်ကာ နိုင်ငံ၏စီးပွားရေး ကျဆင်းမှုဖြစ်ပေါ်လာခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ ရေးနှစ် ပထမခြောက်လပတ် အထိ နိုင်ငံ့စီးပွားရေး အခြေအနေ ဆက်လက်ကျဆင်းနေသည်။ ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အခွန်ဘဏ္ဍာငွေများရရှိရေး နိုင်ငံ့စီးပွားရေး စီမံကိန်းများအောင်မြင်ရေး၊ ခြိုးခြံ ချွေတာရေးတို့ကို သက်ဆိုင်ရာ ဌာနများက ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးမွေး မြူရေး လုပ်ငန်းများကို အခြေခံသည့် စက်မှုလက်မှု လုပ်ငန်းများ အား မြှင့်တင်အားပေ ဆောင် ရွက်ကြရန်လိုအပ်ပြီး အဆိုပါလုပ်ငန်းများကို ထိရောက်အောင်ဆောင်ရွက်နိုင် ပါက တိုင်းပြည် စီးပွားရေး မလွဲမသွေဦးမော့လာမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် ပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံ များကို ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့် စက်ရုံများ -စွမ်းအားပြည့် လည်ပတ်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် စိန်ခေါ်မှုများစွာ ရှိရာတွင် ကိုဗစ်-၁၉ -ရောဂါကြောင့် နိုင်ငံတိုင်းလိုလို စီးပွားရေးကျဆင်းလျက်ရှိသည်။ သို့သော် ကမ္ဘာ့ နိုင်ငံများနှင့်အတူ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များ ၂၀၁၅-၂၀၃၀ ကို အကောင် အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် အတည်ပြုထားပြီးဖြစ်၍ နိုင်ငံများနှင့်လက်တွဲကာ စီးပွားရေးတိုးတက် လာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာဌာနများ အား ဘဏ္ဍာငွေများ ခွဲဝေချထားပေးပြီးဖြစ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထား သော ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို လက်တွေ့အကောင်အထည်ပေါ်ရန် အတွက် မိမိတို့ကျရာကဏ္ဍအလိုက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါ ကြောင်း။

ကြေးမုံအယ်ဒီတာ့အာဘော်