Skip to main content

ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးအပ်

 

နေပြည်တော်၊ စက်တင်ဘာ - ၂၂

 

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့တွင်မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ် များအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များအား အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံပြီး စားသောက်ဖွယ်ရာများနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

 

သတင်းစဉ်