Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၂၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုး နှံခြင်းသည် အဓိကအခန်းကဏ္ဍ တွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန် ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်း ဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် (၅၅) နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများနှင့် ယာယီတိုက်ပွဲရှောင် စခန်းများ တွင်ရှိ ပြည်သူများစသည့် ဦးတည်အုပ်စု (၁၆)စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေး လျက်ရှိသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် မြို့နယ်၌ ၂၈၀၃ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ၄၇၇၉ ဦး၊ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ၁၄၅၀ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အ တွင်းရှိ မြို့နယ် ၁၄ မြို့နယ်၌ ၃၁၆၈၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ခမောက်ကြီး မြို့နယ်တို့၌ ၁၈၉၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် မြို့နယ်တို့၌ ၄၆၅၁ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၁၈)မြို့နယ်တို့၌ ၁၀၄၆၅ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်တို့၌ ၁၂၈၄၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့၌ ၁၃၁၀ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်()ခုတို့၌ ၂၃၆၇၉ ဦးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တို့၌ ၁၄၀၅၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်