နေပြည်တော်၊ စက်တင်ဘာ - ၂၂
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက်၌ အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရောက်ရှိ တပ်ဆင်နေမှုနှင့် ကျုံပျော်မြို့၌ အောက်ဆီဂျင် ထုတ်လုပ် သည့်စက် စမ်းသပ်လည်ပတ်နေမှု အခြေအနေများအား သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်