နေပြည်တော် စက်တင်ဘာ ၂၁
ပဲခူးမြို့ရှိ ဧရာဝတီဘဏ်ခွဲမှ ရန်ကုန်မြို့သို့ ဘဏ်ငွေ များ သယ်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး အား PDF အကြမ်းဖက်အဖွဲ့ဝင်များက ရဲတပ်ဖွဲ့ဝင် များအဖြစ် အယောင်ဆောင်၍ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၂၅/၅ နေရာ၌ ဓားပြတိုက်လုယက် ယူဆောင်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
လက်နက်ခဲယမ်းများ ဝယ်ယူရန်
PDF အကြမ်းဖက်အဖွဲ့အနေဖြင့် အများပြည်သူအား ပစ်ခတ်သတ်ဖြတ်နိုင်ရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေရေး စသည့် ရည်ရွယ်ချက်များဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက် ပြည်သူလူထု၏ငွေများကို ယခုကဲ့သို့ ဓားပြတိုက်ရာဇဝတ်မှုကျူးလွန်ခဲ့သည့်အပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံ ကြိုးပမ်းဖော်ထုတ်မှုကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် အဓိက တရားခံများအား ၉ နာရီအတွင်း ဖမ်းဆီးရမိခဲ့မှု သတင်းအား စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၎င်းဖြစ်စဉ်အပေါ် အချို့သော မီဒီယာများ၊ Social Media များနှင့် Facebook အပါအဝင် လူမှု ကွန်ရက်စာမျက်နှာများ၌ ဖြစ်စဉ်အား လိုရာဆွဲ၍ ရေးသားဖော်ပြခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပုတ်ခတ်ရေးသားခြင်းစသည့် လုပ်ရပ်များအဖြစ် လိမ်လည်ထုတ်လွှင့်ခဲ့ကြကြောင်း တွေ့ရှိရပြီး ဖမ်းဆီးရမိတရားခံများ၏ ဝန်ခံထွက်ဆိုချက်များနှင့် နှိုင်းယှဉ်သုံးသပ်နိုင်စေရေးအတွက် တရားခံများ၏ ဝန်ခံထွက်ဆိုချက်များကို ယခုလို ဖော်ပြလိုက်ရပါတယ်။
ဟန်ဝင်းဇော်(ခေါ်) ကုလားကြီး
ကျွန်တော့်နာမည်ကတော့ ဟန်ဝင်းဇော်(ခေါ်) ကုလားကြီးဖြစ်ပါတယ်။ မှတ်ပုံတင်နံပါတ်က ၁၀/ကထန(နိုင်)၁၈၄၁၂၃ ဖြစ်ပါတယ်။ မီးရထား ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ CDM လုပ်ပြီးတော့ ကယ်ရီမောင်း၊ ကားအော်ဒါ လိုက်နေပါတယ်။ နေရပ်လိပ်စာကတော့ ပဲခူးမြို့ မဇင်း (၁)လမ်း မီးရထားဝင်း ဝန်ထမ်းအိမ်ရာမှာ နေထိုင်ပါတယ်။ CDM ဝင်ပြီးနောက်ပိုင်း မိသားစုမပြေလည် ၊ ကျွန်တော် ပဲခူးမြို့ မီးရထားစက်ခေါင်းရုံ တွဲပြင်ဌာနမှာ လုပ်သားတွဲမှီးနဲ့ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ တပ်မတော်အာဏာထိန်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော် CDM ဝင်ခဲ့ပါတယ်။ CDM ဝင်ပြီးတဲ့ နောက်ပိုင်းမှာ မိသားစုမပြေလည်တဲ့အတွက် အလုပ်အကိုင်အဖြစ် ကယ်ရီမောင်းဖို့အတွက် ညီအစ်ကိုတစ်ဝမ်းကွဲတော်သည့် စည်သူဖြိုးထံမှာ သွားရောက်ပြီးတော့ အလုပ်တစ်ခုခုရှိရင်ခေါ်ဖို့ အတွက် ပြောဆိုခဲ့ပါတယ်။ စည်သူဖြိုး ကျွန်တော့်ကို မိတ်ဆက်ပေးလို့ အောင်ပြည့်ခန့်(ခေါ်) နိုင်နိုင်နဲ့ ရင်းနှီးခဲ့ပါတယ်။ ၉ လပိုင်း ၁၂ ရက်နေ့ ညနေမှာ ကျွန်တော့်ဆီကို နိုင်နိုင်(ခေါ်) အောင်ပြည့်ခန့် ရောက်ရှိလာပြီးတော့ အလုပ်လုပ်စရာရှိတယ်။ ကား တစ်စီးစီမံဖို့အတွက်ကို လာရောက်ပြောဆိုပါတယ်။ ၉ လပိုင်း ၁၂ ရက်နေ့ ညမှာပဲကားရောက်ရှိကြောင်း ကို ကျွန်တော်သူ့ကို ဖုန်းဆက်ပြီးတော့ အကြောင်း ကြားခဲ့ပါတယ်။ နောက်နေ့ ၁၃ ရက်နေ့ မနက်မှာ ကျွန်တော့်အိမ်ကို မနက် ၇ နာရီလောက်မှာ လာရောက်ပြီး ကားအဆင်ပြေလားလို့ လာမေးလိုက် ရာမှာ ကျွန်တော်က ၁၀ နာရီမှာ ကားရမယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပါတယ်။ ဒါနဲ့ သူက သူဖုန်းဆက်တဲ့ အချိန်ကျရင် သူ့ဆီကိုကားနဲ့လာဖို့အတွက် ကျွန်တော့်ကို ပြောသွားပါတယ်။ ပြီးတော့ ဦးလေး (ခေါ်)ဦးမြင့်သောင်ဆီမှာ ဖုန်းဆက်ပြီး Hijet အဖြူရောင်ကို မဇင်း (၁)လမ်းထိပ်မှာ သွားယူခဲ့ပြီးတော့ စရန်ငွေအဖြစ် တစ်သောင်းပေးခဲ့ပါတယ်။ ကားငှားခကတော့ ၃၀၀၀၀ ကျပ်ဖြစ်ပါတယ်။
၉ လပိုင်း ၁၃ ရက်နေ့ ၁၁ နာရီ ၁၅ မှာ အောင်ပြည့် ခန့်က ကျွန်တော့်ကိုဖုန်းဆက်ပြီး လာလို့ရပြီဆိုတဲ့ အကြောင်း၊ မဟာစေတီမှာရှိတဲ့ စည်သူဖြိုးတို့အိမ် ကို လာလို့ရပြီဆိုတဲ့အကြောင်း ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားလို့ ကျွန်တော် ကားနဲ့ မဟာ စေတီတန်းလျား စည်သူဖြိုးတို့အိမ်ကို ရောက်ရှိ ခဲ့ပါတယ်။ အိမ်ရှေ့ရောက်ရောက်ချင်းမှာ အောင်ပြည့် ခန့်က အထုပ်နဲ့၊ လူနဲ့ ကားပေါ်ကိုတင်ဆောင်ပြီး ကျွန်တော်နဲ့အတူတူ မြို့ရှောင်လမ်းအတိုင်း၊ သာယာအေးအကျော် ပိုက်ဆံလုမယ့်ဆီကို ကျွန်တော်တို့ ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် ကားနဲ့ ရောက်ပြီးအချိန်မှာ ရန်လင်းထွေးနဲ့ စည်သူဖြိုး ဆိုင်ကယ် တစ်စီးနဲ့ ရောက်ရှိလာပါတယ်။ နောက်ပြီး ရန်နိုင်နဲ့ ကျော်ကြီး ဆိုင်ကယ်တစ်စီးနဲ့ရောက်ရှိလာ ပါတယ်။ ကျွန်တော်တို့ ဓားပြတိုက်မယ့်နေရာကို ရောက်ပြီးတဲ့အချိန် ကားပေါ်ကပါလာတဲ့အထုပ်ကို ဖြေလိုက်တဲ့ အချိန်မှာ သေနတ်နှစ်လက်နဲ့ ယူနီဖောင်းတွေကို တွေ့ပါတယ်။ ရဲယူနီဖောင်းတွေ ကို ရန်လင်းထွေးရယ်၊ စည်သူဖြိုးရယ်၊ ရန်နိုင်ရယ် က ဝတ်ပါတယ်။ ပြီးတော့ ရန်နိုင်နဲ့ ရန်လင်းထွေးနဲ့ က သေနတ်နှစ်လက်ကို တစ်ယောက်တစ်လက်စီ ကိုင်ပါတယ်။ ကျွန်တော့်ကိုကျတော့ မော်တော် ပီကယ်ဝတ်စုံဝတ်ခိုင်းလို့ ကျွန်တော် မော်တော် ပီကယ်ဝတ်စုံ ဝတ်ပါတယ်။ အောင်ပြည့်ခန့်က ကျွန်တော့်ကို ကားတားရမည့် ကားနံပါတ်များကို ပြပါတယ်။ ကျွန်တော်က ကားနံပါတ်တွေကို မကြည့်နိုင်ဘူး၊ မကြည့်တတ်ဘူးဆိုတဲ့ အချိန်မှာ အောင်ပြည့်ခန့်က ကားလာတဲ့အချိန် ပြတဲ့အတွက် ကျွန်တော်ကားကို လမ်းဘေးကို ထိုးရပ်ခိုင်းလိုက် ပါတယ်။ ကားတွေလမ်းဘေးကို ထိုးရပ်ခိုင်းပြီးတော့ ကျွန်တော်က လမ်းကြောင်းတွေ မပိတ်ဖို့အတွက် ကို ကားလမ်းကြောင်းတွေ ရှင်းပေးခဲ့ပါတယ်။ အဲဒီ အချိန် ရှေ့မှာ စည်သူဖြိုးရယ်၊ ကျော်ကြီးရယ်၊ ရန်လင်းထွေးတို့ရယ်က ကားသမားတွေကို အောက် ဆင်းခိုင်းပြီးတော့ သူတို့ရဲ့ ကတ်တွေ၊ ဖုန်းတွေကို သိမ်းဖို့အတွက် လုပ်ပါတယ်။ နောက်မှာ အောင်ပြည့် ခန့်နဲ့ ရန်နိုင်နဲ့က ရှေ့ကားမှာ ရှေ့ကလူတွေနဲ့ သွားပြီး စကားပြောဖို့အတွက်ကိုနောက်ကားမှာပါတဲ့ ဝန်ထမ်းတွေကို ရှေ့ကားကို လွှတ်လိုက်ပါတယ်။ အဲဒီမှာ ဖုန်းတွေ၊ ကတ်တွေသိမ်းပြီးတော့ ဝန်ထမ်း တွေအားလုံးကို ကားရဲ့ အနောက်ခန်းထဲကို ထည့်ပြီး တိပ်တွေနဲ့ လက်ပြန်ကြိုးတုပ်၊ ပါးစပ်တွေ ပိတ်တာ တွေ လုပ်ဆောင်နေပါတယ်။ ဝန်ထမ်းတွေကို လက်ပြန်ကြိုးတုပ်ပြီး ကားပေါ်မှာ တင်ထားတဲ့အခါ မှာ ကျွန်တော့်ကို ယူနီဖောင်းချွတ်ပြီး ကျွန်တော့်ရဲ့ Hijet ကားကို ရွှေ့ဖို့အတွက်ကို လှမ်းပြောခဲ့ပါ တယ်။ ကျွန်တော်က ယူနီဖောင်းချွတ်ပြီး Hijet ကားကို ရှေ့ဘဏ်ကားရဲ့ဖင်မှာ တေ့ပြီး ကျွန်တော် ရပ်ပေးလိုက်ပါတယ်။ အဲဒီမှာ ရန်လင်းထွေးနဲ့ စည်သူဖြိုး၊ ကျော်ကြီး၊ ရန်နိုင်တို့က ကျွန်တော့် ကားပေါ်ကို ပိုက်ဆံအိတ်တွေ တင်ပါတယ်။ တင်ပြီးလို့ ပြီးလည်း ပြီးရော ကျွန်တော်နောက်ကားကို ထပ်ရွှေ့ ဖို့အတွက် လုပ်ပါတယ်။ အဲဒီအချိန်မှာ ရန်လင်းထွေး၊ စည်သူဖြိုး၊ ကျော်ကြီး၊ ရန်နိုင်၊ အောင်ပြည့်ခန့် သူတို့ ငါးယောက်က ထပ်တင်ပါတယ်။ တင်ပြီးတဲ့အချိန်မှာ ကျွန်တော့်ကို ကားမောင်းဖို့ အတွက် အောင်ပြည့်ခန့်က အနောက်ကနေ လှမ်းပြောပါတယ်။ ဘဏ်ကား ပေါ်က ပိုက်ဆံတွေတင်ပြီးတော့ ကျွန်တော် ကားကို မောင်းတဲ့အချိန်မှာ အောင်ပြည့်ခန့်က ကျွန်တော့် ကားရဲ့ အနောက်မှာ တက်စီးလာပါတယ်။ ကျွန်တော်က ရှေ့ကနေ ကားကိုမောင်းပါတယ်။ ကျွန်တော် မောင်းလာတဲ့အချိန်မှာ ကျွန်တော့်ကားကို ရန်လင်း ထွေးနဲ့ စည်သူဖြိုးတို့က ကျွန်တော့်ကားကို ကျော်သွားပါတယ်။ ကျွန်တော်က အဲဒီအချိန်မှာ တိုးဂိတ်ကို ကျော်ဖို့အတွက် စက်မှုဇုန်လမ်းထဲကို ဝင်ခဲ့ပါတယ်။
ကားမှာပိုက်ဆံတွေအကုန်လုံး ပါလာတဲ့အတွက် ကားက နည်းနည်းလေးဝိတ်ရှိတော့ ကျွန်တော် ဖြည်းဖြည်းချင်းမောင်းဝင်ပြီး မြို့ရှောင်လမ်းကို ရောက်ရှိခဲ့ပါတယ်။ မြို့ရှောင်လမ်းရောက်တော့ ဓမ္မဒူတမဂ္ဂင်ဆရာလေးကျောင်းထဲသို့ ကျွန်တော့်ကို မောင်းဝင်ဖို့အတွက် အောင်ပြည့်ခန့်က အနောက် ကနေ ညွှန်ကြားခဲ့ပါတယ်။ ရန်လင်းထွေးနဲ့ စည်သူဖြိုး တို့က ဆိုင်ကယ်နဲ့ သွားပြီးတော့ ဓမ္မဒူတမဂ္ဂင် ဆရာလေးကျောင်းကို အရင်ရောက်ရှိနေပါတယ်။ အောင်ပြည့်နဲ့ ကျွန်တော်နဲ့ ပိုက်ဆံတွေတင်ပြီးသွား တဲ့ကားကတော့ နှစ်နာရီလောက်မှ ဆရာလေးကျောင်းကို ရောက်ရှိပါတယ်။ ဆရာလေးကျောင်းမှာ ပိုက်ဆံအိတ်တွေကို ဆွမ်းစားဆောင်ပေါ်သို့ ဝိုင်းချပြီးတော့ ကားကိုပြန်အပ်ဖို့အတွက် ဆရာလေး ကျောင်းမှ ကျွန်တော်ပြန်ထွက်ခဲ့ပါတယ်။ မဇင်း (၁) လမ်းထိပ်မှာ ကျွန်တော်ကား owner ကို ပိုက်ဆံ နှစ်သောင်းနဲ့ ကားကိုပြန်ပြီးတော့ အပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် အိမ်ကိုပြန်ခဲ့ပါတယ်။ ၄ နာရီ ကျော်မှာ ကျွန်တော့်ကို စည်သူဖြိုး ဖုန်းဆက်လို့ စည်သူဖြိုးအိမ်မှာ အောင်ပြည့်ခန့် ဆိုင်ကယ်ကို ယူပြီးတော့ မြို့ရှောင်လမ်းက ဓမ္မဒူတမဂ္ဂင်ဆရာလေး ကျောင်းမှာ သူတို့ကို သွားရောက်ကြိုခဲ့ပါတယ်။ ကြိုပြီး စည်သူဖြိုးကို သူ၏အိမ်သို့ ပြန်ပို့ခဲ့ပြီး ကျွန်တော် ကျွန်တော့်အိမ်သို့ ပြန်ခဲ့ပါတယ်။
မမေသူကျော်
ညီမနာမည်ကတော့ မမေသူကျော်ပါ။ မှတ်ပုံ တင်နံပါတ်က ၇/ပခန(နိုင်) ၃၃၃၅၅၁ ဖြစ်ပါတယ်။ အခုလက်ရှိ ဧရာဝတီဘဏ်လီမိတက် ပဲခူးဘဏ်ခွဲ (၁) မှာ အလုပ်ဆင်းနေပါတယ်။ နေရပ်လိပ်စာ ကတော့ အိမ်နံပါတ် ၁၂၇ မှော်ကန် ၁၂ လမ်း ပုဏ္ဏားစု ရပ်ကွက် ပဲခူးမြို့မှာ ကျွန်မနေထိုင်ပါတယ်။ ဒီ၂၀၂၁ ခုနှစ် ၂ လပိုင်း တပ်မတော်က အာဏာထိန်းတဲ့ အချိန်ထိ ချေးငွေဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာထိန်းပြီးတဲ့အချိန်ကနေစပြီးတော့ လေးလလောက်ထိကို CDM လုပ်ခဲ့တယ်။ CDM လုပ်ပြီးတော့ ၆ လပိုင်းလောက်မှာ ညီမ အလုပ် ပြန်ဆင်းတယ်။ အလုပ်ပြန်ဆင်းတဲ့အချိန်မှာ ညီမ တို့ရုံးက Domestic ဌာနစာရင်းကိုင်တဲ့ဌာနမှာ လက်ရှိအချိန်ထိ လုပ်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဧရာဝတီဘဏ်လီမိတက် ပဲခူးဘဏ်ခွဲ(၂)မှာ အောင်ပြည့်ခန့်နဲ့ ညီမ အလုပ်အတူတူဆင်းပြီးတော့ ၂၀၁၇ မှာ သမီးရည်းစားစဖြစ်ခဲ့တယ်။ ဒီအာဏာ ထိန်းတဲ့အချိန် ၂၀၂၁ခုနှစ် ၂လပိုင်းမှာ သူရော ကျွန်မ ရော နှစ်ယောက်လုံး CDM လုပ်ခဲ့တယ်။ လုပ်ပြီးတော့ အတူတူဆန္ဒပြဖြစ်ခဲ့ကြတယ်။ ။
အောင်ပြည့်ခန့်ကတော့ အခုအချိန်အထိ CDM ဆက်လုပ်နေဆဲပဲ။ ၉ ရက် ၉ လ အဲဒီညမှာ ညီမတို့နဲ့သူနဲ့ Messenger ကနေ ၁၀ ရက်နေ့ကျရင် တွေ့ဖို့အတွက် ပြောပါတယ်။ ရွှေသာလျောင်းဘုရား ဆိတ်သားတုတ်ထိုးဆိုင်မှာ အောင်ပြည့်ခန့်နဲ့ တွေ့ကြတယ်။ တွေ့တော့ အောင်ပြည့်ခန့်ကနေပြီး ညီမကို “နင်ဘာလို့နောက်ကျနေရတာလဲ”ဆိုတော့ ညီမက “မဟုတ်ဘူး၊ ဒိုက်ဦးက Currency ကလာမှာ ဆိုတော့ ငါတို့မန်နေဂျာက စောင့်ခိုင်းနေတာ၊ စာရင်း ဇယားတွေကလည်း အကုန်ပြီးသွားပြီဆိုတော့ အလုပ်ပြီးတဲ့သူတွေပြန်ဆိုတာနဲ့ ချက်ချင်းပြန်လာ လိုက်တာ”လို့ အောင်ပြည့်ခန့်ကို အဲဒီလိုပြောလိုက်ပါ တယ်။ အဲဒါနဲ့ သူကနေပြီး “ငွေတွေက ဘယ်လောက်တောင် များလို့လဲ”တဲ့ “ငါလည်းသေချာတော့ မသိဘူး၊ ဒိုက်ဦးကရှစ်ထောင်ဆိုတော့ ငါတို့ဘဏ်နဲ့ဆိုရင်တော့ 2B, 3B လောက်တော့ရှိမှာပေါ့လို့” အဲဒီလိုမျိုး ပြောလိုက်တယ်။ ဘဏ်ဝန်ထမ်းဆိုတော့ Currency ရဲ့ Flow တွေ ဘာတွေကို နားလည်တယ်။
သူက “အဲဒါဆိုလို့ရှိရင် Currency ကို ရန်ကုန်က နေပြီးတော့ ဘယ်နေ့လောက် လာယူမှာလဲလို့ မေးတယ်” “ပုံမှန်ဆိုရင် ဒီနေ့လိုမျိုး ငွေလာပို့ပြီး နောက်နေ့ဆိုရင်တော့ ရန်ကုန်ကလာတာများတယ်၊ နေ့လယ်လောက်လာကြတာပဲလို့” အဲဒီလိုမျိုး ညီမ က ပြန်ဖြေလိုက်တယ်။ ၁၃ ရက်နေ့ ၉ လပိုင်း တနင်္လာနေ့ ရုံးဖွင့်တဲ့နေ့က အောင်ပြည့်ခန့်ကနေပြီး ညီမကို ဖုန်းခေါ်တယ်။ သူက ဒီနေ့ Currency လာဖို့ရှိတာ ကျိန်းသေလားဆိုတဲ့ ပုံစံမျိုးနဲ့ ညီမကို မေးတယ်။ “ပုံမှန်ဆိုလို့ရှိရင် သောကြာနေ့လာ တယ်ဆိုရင် တနင်္လာနေ့တော့ Currency က လာနေ တာပဲလေလို့” ညီမက သူ့ကို ပြန်ဖြေလိုက်တယ်။ ပြန်ပြီးတော့ ညီမကလည်း ရုံးဆက်သွားတယ် ပေါ့နော်။ ရုံးရောက်ပြီးတော့ ညီမလည်း လုပ်စရာ ရှိတဲ့ မနက်ခင်းအလုပ်တွေကို လုပ်တယ်။ “ အဲဒီနေ့က တနင်္လာနေ့ဆိုတော့ ငွေများတဲ့ အတွက် ငွေခန်းထဲမှာ သွားပြီးတော့ သွားဝိုင်းကူ လိုက်တယ်။ သွားဝိုင်းကူတဲ့အချိန် သူက ညီမကို ၁၁ ခွဲကျော်ကျော် လောက်လား မသိဘူး၊ Signal ကနေပြီးတော့စာလာပို့တယ် “နင်ဘာလုပ်နေတာလဲ။ မအားဘူးလားတဲ့” ညီမက“ မအားဘူး Currency တွေ ရောက်နေတော့ ငွေခန်းထဲမှာ ငွေဝိုင်းရေပေး နေတာ၊ လူမရှိလို့” ဆိုပြီး ပြန်ပြောလိုက်တယ်။ ၁၃ ရက်နေ့ ၉ လ ၂၀၂၁ ခုနှစ် နေ့လယ် ၂ နာရီထိုးမှာ ညီမလုပ်ရမည့် စာရင်းကိုင်ရမည့်အလုပ်ကို အရှေ့ မှာ လုပ်နေတယ်၊ လုပ်နေတဲ့အချိန်မှာ ငွေခန်းထဲက နေပြီး ဘဏ်ခွဲမန်နေဂျာက ဖုန်းဆက်နေတာကိုတော့ ကြားတော့ကြားလိုက်တယ်။ ဒါပေမဲ့အကြောင်းအရာ ကိုတော့ သေချာတော့မသိဘူး။ ငွေသယ်တဲ့ကားကိစ္စ နဲ့ပတ်သက်ပြီး ပြောတဲ့အသံတော့ ကြားလိုက်တယ်။
နောက်တော့မှ သူငယ်ချင်းတွေကို မေးရင်းမေးရင်းနဲ့မှ ဒီ Currency ငွေသယ်တဲ့ကား ဓားပြတိုက် ခံလိုက်ရတယ်ဆိုတာကို ညီမ အဲဒီအချိန်ကျမှ သိလိုက်ရတယ်။ သိလိုက်ရပြီး ညီမတို့ဘဏ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီညနေ ၄ နာရီလောက် လာရောက်စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ၇ နာရီခွဲ ၈ နာရီလောက်မှာ ပြန်ခိုင်းလိုက်တယ်။
စည်သူဖြိုး
ကျွန်တော့်နာမည် စည်သူဖြိုးပါ။ မှတ်ပုံတင် နံပါတ်ကတော့ ဂျပခန(နိုင်)၁၇၂၁၄၄ ဖြစ်ပါတယ်။ ကျွန်တော်လက်ရှိနေတဲ့လိပ်စာကတော့ မဟာစေတီ တိုက်တန်းလျား ဈေးဆိုင်နားမှာနေပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိ အလုပ်အကိုင်ကတော့ နယူးဟုတ်အစာကုမ္ပဏီမှာ ဧရိယာမန်နေဂျာ ဖြစ်ပါ တယ်။ တပ်မတော်က အာဏာထိန်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေမှာ သော်သော်နဲ့ ရင်းနှီးခဲ့ပါတယ်။ သော်သော်မှတစ်ဆင့် မျိုးကို(ခ)မျိုးကိုကိုနိုင်နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပြီး ဆန္ဒပြပွဲပေါင်း ၆၀ လောက် ဆန္ဒအတူတူပြခဲ့ကြတယ်။ လမ်းမှာ အတား အဆီးတွေပြုလုပ်ချိန်မှာ ရဲတပ်ဖွဲ့ဝင်များက ဖြိုခွဲခဲ့မှုကြောင့် ကျွန်တော်တို့ မျိုးကို (ခ)မျိုးကိုကို ခိုင်၊ မြတ်သူ၊ သော်သော်၊ သီဟ၊ အောင်ပြည့်ခန့်တို့နဲ့ အတူတူ တိမ်းရှောင်ခဲ့ပါတယ်။
Zoom Meeting လုပ်
၁-၅-၂၀၂၁ ရက်နေ့လောက်မှာ သူက KIA မှာ သင်တန်းရှိတယ်။ သင်တန်းတက်ဖို့ ဆိုပြီး ကျွန်တော့် ကိုပြောပါတယ်။ အဲဒီအချိန်ကနေပြီး ကိုသန့်ဇင်ဦး ဆီက ကျွန်တော့်ကို ငွေနှစ်သိန်းထုတ်သွားပြီး KIA သင်တန်းကို သွားတက်ဖို့ပြောပါတယ်။ ကျွန်တော် သင်တန်းက ပြန်လာပြီး ငှက်ဖျားမိပြီး ပြန်ကောင်းတဲ့ အချိန်မှာ မျိုးကို(ခ)မျိုးကိုကိုနိုင်က ကျွန်တော့်ကို ဖုန်းဆက်ပြီးတော့ ပဲခူး PDF အဖွဲ့ ဖွဲ့စည်းပြီးသွားပြီ။ သူက ခေါင်းဆောင်ပါ။ ကျွန်တော့်ကိုထောက်ပို့ နေရာအတွက် ပေးခဲ့ပါတယ်။ အဲဒီအချိန် တစ်ဆက်တည်းမှာ ၇-၉-၂၀၂၁ မှာ Zoom Meeting လုပ်ပါတယ်။ ဧရာဝတီဘဏ်ရဲ့ ကားလမ်းကြောင်း ကိစ္စ သူက အစီအစဉ်ဆွဲခဲ့ပါတယ်။ အဲဒီမှာ ပါဝင်ခဲ့တဲ့သူတွေကတော့ ကိုအောင်မျိုးသူ၊ ကိုသန့်ဇင်ဝင်း၊ မျိုးကို(ခ) မျိုးကိုကိုခိုင် (ပဲခူး PDF ခေါင်းဆောင်)၊ ကျွန်တော်၊ အောင်ပြည့်ခန့်တို့ Zoom Meeting မှာ ပါဝင်ခဲ့ပါ တယ်။ Zoom Meeting လုပ်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ ပါဝင်ဆွေးနွေးခဲ့တာကတော့ မျိုးကို(ခ) မျိုးကိုကိုခိုင်က ကျွန်တော်တို့ကို ကားကို ဖမ်းစားမယ်ဆိုရင် ရဲယူနီဖောင်းလိုအပ်တယ်လို့ ပြောခဲ့ပါ တယ်။ ရဲယူနီဖောင်းနဲ့လုပ်မှ ကျွန်တော်တို့ လုပ်လို့ရမယ်။ အဆင်ပြေမယ်လို့ ပြောပါတယ်။ ဘဏ်ကို တိုက်ရတဲ့အကြောင်းရင်းက ဘာကြောင့်လဲဆိုတော့ ပဲခူးမြို့အတွက် ပိုက်ဆံလိုအပ်လို့ဆိုပြီး ဘဏ်ကို တိုက်ခိုင်းပါတယ်။ မျိုးကို(ခ)မျိုးကိုကိုခိုင်ရဲ့ ခိုင်းစေ မှုကြောင့် ကျွန်တော်က ရဲယူနီဖောင်းသုံးစုံ ကို CDM လုပ်ထားတဲ့ ရဲတပ်ကြပ် ကိုသိန်းနိုင်ရဲ့ ဇနီးဆီကနေ ကိုသိန်းနိုင်ရဲ့ ရဲဝတ်စုံသုံးစုံကို ခဲ့ပါတယ်။ ၉-၉၂၀၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှာ မမြင့်မြင့်နိုင်က ကျွန်တော့်ကို ရဲဝတ်စုံ သုံးစုံလာပေးခဲ့ပါ တယ်။ ကျွန်တော်တို့ ဘဏ်ဓားပြမတိုက်ခင် ၁၂-၉၂၀၂၁ ရက်နေ့ညနေ ၅ နာရီတွင် Zoom Meeting လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မျိုးကို(ခ)မျိုးကိုကို ခိုင်က ကျွန်တော်တို့ကို တာဝန်ကိုယ်စီပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို မျိုးကို(ခ)မျိုးကိုကိုခိုင်က ကျွန်တော်ရယ်၊ ရန်လင်းထွေးရယ်၊ ရန်နိုင်ရယ်ကို ရဲဝတ်စုံသုံးစုံဝတ်ဖို့ မှာကြားခဲ့ပါတယ်။ ကုလားကြီးကို ကျတော့ မော်တော်ပီကယ်ဝတ်စုံဝတ်ဖို့ပြောကြား ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်ကနေပြီး မော်တော်ပီကယ်ဝတ်စုံမရှိတဲ့ အကြောင်းပြောကြားခဲ့တယ်။ အဲဒီအချိန်မှာ သူစီစဉ်ပေးမယ်ဆိုပြီး ကမ်းနားလမ်းက သူ့သူငယ်ချင်းကို ဖုန်းဆက်ပြီးတော့ ကျွန်တော့်ကို ယူခိုင်းပါတယ်။ နောက်ပြီးကျတော့ အောင်ပြည့်ခန့်ကို ဘဏ်ကားလာမယ့်လမ်းကြောင်း ကြည့်ဖို့ တာဝန်ပေးခဲ့ပါတယ်။ ငပန်ကျတော့ မြတ်စတားနားက နေရာမှာချထားပေးခဲ့ပါတယ်။ အင်းတကော်နားမှာကျတော့ ရွှေပြည့်ကို ဟိုဘက်က နေပြီး ရဲကားတွေ၊ စစ်ကားတွေလာမလာကို ဖုန်းဆက်ဖို့ တာဝန်ပေးခဲ့ပါတယ်။ အားလုံးကို တာဝန်ပေးခဲ့တာကတော့ မျိုးကို (ခ)မျိုးကိုကိုခိုင် ကစီမံခန့်ခွဲပြီးတာဝန်ပေးခဲ့ပါတယ်။ ကျွန်တော့်ကို ရန်လင်းထွေးကနေပြီး ဖုန်းဆက်ပါတယ်။ ဘဏ်ကား ရောက်နေပြီ၊ မြန်မြန်ပြန်လာခဲ့ဆိုပြီး ဖုန်းဆက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်မြန်မြန်ပြန်သွားခဲ့ ပါတယ်။ ကျွန်တော့်အိမ်မှာ ရန်လင်းထွေးရယ်၊ အောင်ပြည့်ခန့်ရယ် ရောက်နေပါပြီ။ ကျွန်တော် ရောက်ပြီးတဲ့နောက်မှာ ကုလားကြီးက ကားနဲ့လိုက်ခဲ့ပါတယ်။ ကားပေါ်ကို ကျွန်တော် ယူနီဖောင်းဝတ်စုံနဲ့ သေနတ်နှစ်လက်ကို တင်ပေးလိုက်ပါတယ်။ အောင်ပြည့်ခန့်ရယ်၊ ကုလားကြီးရယ် ကားနဲ့ အရင် ထွက်သွားပါတယ်။
မျိုးကိုကိုနိုင်ရဲ့ စီမံပေးတဲ့ နေရာကိုရောက်
ကျွန်တော်ရယ်၊ ရန်လင်းထွေးရယ်က ဆိုင်ကယ်နဲ့ နောက်ကလိုက်ခဲ့ပါတယ်။ သွားတဲ့လမ်းကြောင်း ကတော့ စက်မှုဇုန်လမ်းဘက်က ထွက်ပြီးသွားပါတယ်။ ကျွန်တော်တို့ တစ်နာရီဝန်းကျင်လောက်မှာ ဓားပြ တိုက်မယ့်နေရာကို ရောက်ခဲ့ပါတယ်။ မျိုးကို(ခ) မျိုးကိုကိုခိုင်ရဲ့ စီမံပေးတဲ့နေရာကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ နောက်ကနေပြီး ရန်နိုင်နဲ့ ကျော်ကြီး တို့က ဆိုင်ကယ်နဲ့ ကျွန်တော်တို့ဆီကို ရောက်လာပါတယ်။ ဓားပြတိုက်မယ့် ၁၀မိုင်ကုန်းပတ်ချာလည်ကို ကားရောက်ပါတယ်။ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ရဲယူနီဖောင်းကို အကုန်လုံး ကိုယ်စီဝတ်ကြပါ တယ်။ ကုလားကြီးက မော်တော်ပီကယ်ဝတ်စုံဝတ်ပြီး ရှေ့မှာစောင့်နေတဲ့အချိန် ကျွန်တော်ရယ်၊ ရန်နိုင်ရယ်၊ ရန်လင်းထွေးရယ်က ရဲယူနီဖောင်းကိုယ်စီဝတ်ပြီး သေနတ်ကိုတော့ ရန်လင်းထွေးရယ်၊ ရန်နိုင်ရယ်က ကိုင်ထားပါတယ်။ ကိုင်ထားပြီးတဲ့အချိန် တစ်နာရီခွဲ လောက်မှာ ဧရာဝတီဘဏ်ရဲ့ ကားကရောက်လာတော့ ကုလားကြီးက တားလိုက်ပါတယ်။ တားတဲ့အချိန်မှာ ကျွန်တော်တို့ ရှေ့တည့်တည့် ကားရောက်လာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကနေပြီး ကားခေါင်းခန်းကိုသွားပြီး သူတို့ရဲ့ ပါလာတဲ့ လိုင်စင်တွေ၊ မှတ်ပုံတင်တွေ၊ ပြည်ဝင်ခွင့်၊ ထွက်ခွင့်ကတ်တွေ တောင်းပြီး ကားထဲက လူတွေအကုန်လုံးကို ဆင်းခိုင်းလိုက်ပါတယ်။ ဆင်းခိုင်းပြီးတော့ ကျွန်တော် ကားရဲ့နောက်ဖုံးကို ဖွင့်ပြီး သူတို့ကို အဲဒီမှာတက်ခိုင်း လိုက်ပါတယ်။ အဲဒီအချိန်မှာ ရန်နိုင်နဲ့ ကျော်ကြီးက ပထမကားမှာပါလာတဲ့ လူနှစ်ယောက်ကို ကြိုးတွေ ချည်၊ ပါးစပ်တွေပိတ်၊ မျက်လုံးတွေပိတ်ပြီး လုပ်ပါတယ်။ ဒုတိယကားကို ကျတော့ ရန်လင်းထွေးရယ်၊ အောင်ပြည့်ခန့်တို့က ပါလာတဲ့ လူသုံးယောက်ကို မျက်လုံးတွေကိုပါတွေ စည်းပြီး ကားနောက်ခန်းထဲမှာ ထည့်ထားပါတယ်။ အဲဒီအချိန်မှာ ကုလားကြီးက ကားမောင်းလာပြီး ကားချင်းဖင်တေ့ပြီး ကားနှစ်စီးမှာ ပါသမျှ ပိုက်ဆံတွေ အကုန်တင်ပြီးတော့ ကျွန်တော်တို့ အကုန်လုံး ယူနီဖောင်းတွေချွတ်ပြီးတော့ ပြန်ကြပါတယ်။ ။
ကျွန်တော်တို့ ဓားပြတိုက်ပြီး ပိုက်ဆံတွေ တင်ထားတဲ့ကားနဲ့ ကုလားကြီးနဲ့ အောင်ပြည့်ခန့် တို့ကအရှေ့ကနေသွားပါတယ်။ဆိုင်ကယ်နဲ့ကျတော့ ကျွန်တော်ရယ်၊ ရန်လင်းထွေးရယ် နောက်ကနေ လိုက်သွားပါတယ်။ နောက်ထပ်နှစ်ယောက်ကတော့ ကျော်ကြီးနဲ့ ရန်နိုင်က ဆိုင်ကယ်နဲ့ သူတို့အိမ် ပြန်သွားပါတယ်။ ကျွန်တော်တို့ ဓားပြတိုက်ပြီး ပိုက်ဆံတွေတင်ထားတဲ့ကားနဲ့ ကျွန်တော်တို့ ဆိုင်ကယ်နဲ့ ဓမ္မဒူတမဂ္ဂင်ကျောင်းကို ကျွန်တော်တို့သွားခဲ့ပါတယ်။ အဲဒီကျောင်းရောက်တဲ့အချိန်မှာ ဒေါ်ဥပ္ပသမာနဲ့ ဒေါ်ဓမ္မစာရီ ဆွမ်းစားကျောင်းထဲက ခုတင်ပေါ်ကို ဓားပြတိုက်လာတဲ့ပစ္စည်းတွေ အကုန်လုံး တင်ခဲ့ပါတယ်။ တင်ပြီးတော့ ကျွန်တော်တို့ GPS ပါမပါ ပိုက်ဆံအိတ်တွေကို အကုန်လုံးဖြည်ပြီး စစ်ခဲ့ပါတယ်။ စစ်ပြီးတဲ့နောက်မှာ ကုလားကြီးကို ပြန်လွှတ်လိုက်ပါတယ်။ ပြန်လွှတ်တဲ့အချိန်မှာ ကျွန်တော်တို့ကျော်ကြီးရယ်၊ ရန်နိုင်ရယ်၊ ကုလားကြီးရယ်တို့အတွက် ပိုက်ဆံသိန်းခြောက်ရာကို ထည့်ပေး လိုက်ပါတယ်။ ပိုက်ဆံအိတ်တွေပြန်စီပြီး ပြန်ထည့်တဲ့အချိန်မှာ ဂုန်နီအိတ်ကြီးနေတဲ့အတွက် ကျွန်တော်တို့ပါလာတဲ့ ကျန်ကျောင်းအိတ်အမည်းတွေနဲ့ ပိုနေတဲ့ ပိုက်ဆံအိတ်တွေကို အထုပ်ထုပ်ပြီး ထည့်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ပိုနေတဲ့ ပိုက်ဆံ သိန်းခုနစ်ရာကို ကျွန်တော်က သိန်း ၄၀၀၊ အောင်ပြည့်ခန့်က သိန်း ၃၀၀ ကိုယ်စီယူပြီးတော့ ဆိုင်ကယ်ဘောက်ထဲကို ထည့်ထားပါတယ်။ ကုလားကြီးကို လာခေါ်ဖို့ ဖုန်းဆက်ခဲ့ပါတယ်။ ကုလားကြီး ရောက်လာပြီး ကျွန်တော့်ပိုက်ဆံသိန်း ၄၀၀၊ အောင်ပြည့်ခန့် သိန်း ၃၀၀တို့ကို ကိုယ်စီယူပြီး ဆရာလေးကျောင်းက ထွက်သွားခဲ့ပါတယ်။ တိုက်လာသမျှ ပိုက်ဆံတွေအားလုံးနဲ့ လက်နက် ခဲယမ်း ပစ္စည်းအားလုံးကို ဆရာလေးကျောင်းမှာပဲ ထားခဲ့ပါတယ်။ ဆရာလေးကျောင်းကနေပြီး ကျွန်တော်တို့ လေးယောက် အိမ်ကိုပြန်ခဲ့ပါတယ်။ အိမ်ရောက်ပြီးတဲ့အချိန်မှာ ကုလားကြီးက ၅ မိနစ် နေပြီး ပြန်သွားပါတယ်။ အဲဒီအချိန်မှာ ဆရာလေးကျောင်းမှ ကျွန်တော်တို့ယူလာတဲ့ ပိုက်ဆံသိန်း ၇၀၀ ကို ဝေစုခွဲကြပါတယ်။
ငပန်က သိန်း ၁၀၀၊ ရွှေပြည့်က သိန်း ၁၀၀၊ ကျန်တဲ့သိန်း ၅၀၀ ကတော့ ကျွန်တော်ရယ်၊ အောင်ပြည့်ခန့်ရယ်၊ ရန်လင်းထွေးရယ် သုံးယောက် ခွဲယူဖို့စီစဉ်ထားပါတယ်။ ကျွန်တော် ရေမိုးချိုး စားသောက်ဖို့ထိုင်ပြီး လိုင်းသုံးနေတဲ့အချိန် ၈ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးမှုကို ကျွန်တော်ရယ်၊ ရန်လင်းထွေးရယ်၊ အောင်ပြည့်ခန့်ရယ် သုံးယောက်က တစ်ခါတည်း အဖမ်းခံခဲ့ရပါတယ်။
အောင်ပြည့်ခန့်
ကျွန်တော့်နာမည်ကတော့ အောင်ပြည့်ခန့်ပါ။ တပ်မတော်ကနေ အာဏာထိန်းပြီးတဲ့ နောက်ပိုင်း ပဲခူးမြို့မှာလှုပ်ရှားတဲ့ ဆန္ဒပြပွဲတွေမှာ ကျွန်တော် ပါဝင်ခဲ့ပါတယ်။ ပြီးတော့ မဟာစေတီလမ်းနားမှာ နေတဲ့ စည်သူဖြိုးဆိုတဲ့လူနဲ့ ကျွန်တော်ရင်းနှီးသွားတယ်။ ကျွန်တော့် သူငယ်ချင်း ညီသုတရဲ့ အိမ်မှာ (၃) ရက်လောက်နေတယ်။ နောက်ပိုင်း မဟာစေတီ လမ်းနားက စည်သူဖြိုးတို့အိမ်မှာလည်း ကျွန်တော် နေတယ်။ အဲဒီနောက်ပိုင်းမှာ ဘဏ်ကနေ CDM လုပ်လို့ အလုပ်ပြုတ်သွားတယ်။ မျိုးကိုကိုနိုင်နဲ့ ကတော့ စည်သူဖြိုးနဲ့ ပတ်သက်ပြီးတော့မှ သိရှိခဲ့တာပါ။ သူက ပဲခူးသပိတ်ခေါင်းဆောင်လို့လည်း သိထား ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ ည ၇ နာရီမှာ မျိုးကိုရယ်၊ ကျွန်တော်ရယ်၊ ကိုသန့်ဇင်ဝင်းရယ် Zoom Meeting တစ်ခု လုပ်ဖြစ်ပါတယ်။ Meeting မှာ ပြောဖြစ်တာ ကတော့ ကမ္ဘာ့ရတနာဘဏ်နဲ့ ကမ္ဘောဇဘဏ်တွေကို တခြားမြို့တွေမှာ ဓားပြ တိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။ NUG ကချပေးတဲ့ မြို့တစ်မြို့အတွက် လက်နက်အရေ အတွက်က နည်းပါတယ်။ လက်နက်တစ်လက်ကို သိန်း (၅၀) ဝန်းကျင်လောက်ရှိတယ်လို့ မျိုးကိုက ပြောပါတယ်။ အဲဒီအတွက် ငွေလိုတာဖြစ်လို့ အခုဘဏ်ဓားပြ တိုက်မှုကို လုပ်ပါမယ်လို့ မျိုးကိုက ပြောပါတယ်။
ဓားပြတိုက်ဖို့ စီစဉ်မယ်လို့ပြော
ကျွန်တော့်ကိုကျတော့ ဘဏ်နဲ့ပတ်သက်တဲ့ ငွေသယ်ယာဉ်လာတတ်တဲ့ အချိန်တွေကို စုံစမ်းခိုင်းပါတယ်။ မျိုးကို(ခေါ်) မျိုးကိုကိုခိုင်ကဘဏ်ကငွေသယ် ယာဉ်လာတဲ့အခါ လူဘယ်နှယောက် ပါလဲ၊ ကားဘယ် နှစီးလာတတ်လဲ၊ လက်နက်ခဲယမ်းပါတတ်လား၊ ဘယ်အချိန် လာတတ်လဲ ဆိုတာကို ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်က အရင်တုန်းက ဘဏ်မှာ ရုံးအကူလုပ်ဖူးတဲ့အတွက် ကားလာတတ်တဲ့ အချိန်ကို သိပါတယ်။ နံနက် ၁၁ နာရီနောက်ပိုင်း ဆိုတာကိုလည်း ကျွန်တော် သိပါတယ်လို့ ပြောခဲ့ပါတယ်။ လူအင်အားက ကားတစ်စီးကို သုံးယောက်၊ နှစ်စီးဆိုတော့ ခြောက်ယောက် အဲဒီလောက်ပါတတ် တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ပြီးတော့ကားက တစ်စီးမဟုတ်ရင် နှစ်စီးလာတတ်တယ်၊ လက်နက် ခဲယမ်းမပါဘူးလို့လည်း ပြောပြခဲ့ပါတယ်။ အဲဒီတော့ မျိုးကိုက ဓားပြတိုက်ဖို့စီစဉ်မယ်လို့ ပြောပါတယ်။ ကျွန်တော်က မလုပ်ရဲဘူးလို့ပြောတော့ သူက ကိုယ်လုပ်စရာရှိတဲ့ လမ်းကြောင်းကြည့်တဲ့အလုပ် ကိုပဲလုပ်၊ ကျန်တဲ့ကိစ္စကို သူစီစဉ်မယ်လို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်က သူခိုင်းတဲ့ အတိုင်း ဘဏ်မှာငွေသယ်ယာဉ်လာတဲ့ အချိန်တွေကို စောင့်ကြည့်ပါတယ်။ ဧရာဝတီဘဏ်ခွဲ(၁)က အကြီးတန်း ဘဏ်လက်ထောက် ကျွန်တော့် ကောင်မလေး မေသူကျော်နဲ့ စက်တင်ဘာလ ၇ ရက်နေ့ ည ၉ နာရီမှာ Signal နဲ့ စကားပြောဖြစ်ပါတယ်။ ငွေသယ်ယာဉ်လာဖို့ရှိလားလို့ ကျွန်တော် ကမေးပါတယ်။ သူက မရှိဘူးလို့ ပြောပါတယ်။ အဲ့ဒီတော့ ငွေသယ်ယာဉ်လာရင် ပြောပြဖို့ ကျွန်တော်က ပြောခဲ့ပါတယ်။ ၈ ရက်နေ့မှာ ပဲခူးမြို့ လိပ်ပြာကန် ရပ်ကွက်မှာရှိတဲ့ ဧရာဝတီဘဏ်ခွဲ(၁)အနားမှာ ငွေသယ်ယာဉ် လာရောက်ခြင်း ရှိ/မရှိကို သွားပြီး စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီနေ့မှာ လာရောက်ခြင်း မရှိခဲ့ပါဘူး။ ၁၀ ရက်နေ့မှာ ကျွန်တော် နောက် တစ်ခေါက်သွားကြည့်ပါတယ်။ အဲဒီနေ့က ဒိုက်ဦး ဘက်ကလာတဲ့ ငွေသယ်ယာဉ်နှစ်စီး လာရောက်တာကို တွေ့ခဲ့ပါတယ်။ ကျွန်တော်အဲဒီကားတွေနောက်ကို ဆိုင်ကယ်နဲ့ နောက်ယောင်ခံပြီးတော့ ပဲခူးတိုးဂိတ် အကျော်အထိ လိုက်ခဲ့ပါတယ်။ ပဲခူးတိုးဂိတ်မှာ လုံခြုံရေး အင်အားများတဲ့အတွက် မျိုးကိုကို ဖုန်းဆက်ပြီးတော့ ကျွန်တော်လှမ်းပြောခဲ့ပါတယ်။ လမ်းကြောင်း တော့ ရှိတယ်၊ ဒါပေမယ့် လုံခြုံရေး အင်အားများတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီတော့ မျိုးကိုက အေးကွာ အဲဒါဆို နောက်တစ်ခေါက်မှ လုပ်မယ်လို့ ပြောပါတယ်။
သိန်း ၈၀၀၀
စက်တင်ဘာလ ၁၀ ရက်နေ့ ညနေဘက်မှာ ကျွန်တော့်ကောင်မလေး ဧရာဝတီဘဏ်ခွဲ (၁)မှာ အလုပ်လုပ်နေတဲ့ မေသူကျော်နဲ့ တွေ့ပါတယ်။ ကျွန်တော်က နေ့ခင်းတုန်းကလာတဲ့ ကားနှစ်စီးက ဘယ်ကလာတာလဲ။ ကားပေါ်မှာ ပိုက်ဆံ ဘယ်လောက်ပါလာလဲဆိုတော့ သူက ဒိုက်ဦးဘက်က ငွေတွေရယ်၊ ပဲခူးဘဏ်ခွဲ(၁)က ငွေတွေရယ်ကို ရန်ကုန်ကို သွားပို့တာဖြစ်ကြောင်း၊ သိန်း ၈၀၀၀ ဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီတော့ နောက်ထပ် လာဖို့ရှိသေးလားလို့မေးတော့ သူက နောက်အပတ် ထဲမှာတော့ လာဖို့ရှိတယ်လို့ ကြားတယ်လို့ ပြောပါတယ်။ ရန်ကုန်ရုံးချုပ်ကနေ လာသယ်မယ်လို့လည်း သိရတယ်။ စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီမှာ ကျွန်တော်နဲ့ မျိုးကို ဖုန်းအဆက်အသွယ်ရပါတယ်။ နောက်အပတ်ထဲမှာတော့ ရန်ကုန်ကနေ ပဲခူးကို ငွေသယ်ယာဉ်တွေ ငွေလာယူဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။ မျိုးကိုကလည်း သူ့ဘက်ကအဖွဲ့တွေ က အသင့်ဖြစ်နေပြီလို့ ကျွန်တော့်ကို ပြောပါတယ်။ ဒီတစ်ခေါက်တော့ မလွတ်အောင်လုပ်တော့မယ်လို့ ကျွန်တော့်ကို ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှာ မျိုးကိုရယ်၊ ကျွန်တော်ရယ်၊ အခုဓားပြတိုက်မှုမှာ ပါဝင်တဲ့လူတွေ အကုန်လုံးပါဝင်တဲ့ Zoom Meeting တစ်ခုလုပ်ဖြစ် တယ်။ အဲဒီမှာ မျိုးကိုက ကျွန်တော်တို့အားလုံးကို ကိုယ်တာဝန်ယူရမယ့်နေရာအလိုက် တာဝန်ခွဲပေးပါတယ်။ ကျွန်တော်ကဘဏ်ကားလာတဲ့လမ်းကြောင်း ကြည့်ဖို့တာဝန်ယူရပါတယ်။ ကုလားကြီးကမော်တော် ပီကယ်ဝတ်စုံဝတ်ရပါတယ်။ ရဲဝတ်စုံကို စည်သူဖြိုးရယ်၊ ရန်နိုင်ရယ်၊ ရန်လင်းထွေးရယ်က ဝတ်ပါတယ်။
ရန်နိုင်နဲ့ ရန်လင်းထွေးက ပြောပါတယ်။ ရွှေပြည့်ကိုကျတော့ အင်းတကော်မှာ ကင်းစောင့်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော့်ဆီ သတင်းပို့ခိုင်းပါတယ်။ “မြတ်စတား လမ်းဆုံမှာ ကျတော့ ငပန်ကိုကင်း ကျတော့ အရပ်ဝတ်နဲ့ပဲ လိုက်ခိုင်းပြီးတော့ ပိုက်ဆံ အိတ်သယ်ဖို့နဲ့ ကားအရွှေ့အပြောင်းအတွက်ပဲ တာဝန်ပေးထားပါတယ်။ ကျွန်တော်က စက်တင်ဘာ ၁၃ ရက်နေ့ မနက်မှာ ကျွန်တော့်ကောင်မလေး မေသူကျော်နဲ့ ဖုန်းအဆက်အသွယ်ရပါတယ်။ ၁၁ နာရီခွဲ လောက်မှာ ကျွန်တော် ဧရာဝတီဘဏ်၊ ပဲခူးဘဏ်ခွဲ (၁) အရှေ့မှာသွားပြီး စောင့်ကြည့်နေပါတယ်။ အဲဒီအချိန်မှာ ငွေသယ်ယာဉ်တစ်စီးလာပါတယ်။ ကျွန်တော်လည်း ကားနံပါတ်မှတ်ပြီး ပြန်မလို့လုပ်နေတုန်း ၁၂ နာရီ ၁၅ မိနစ်လောက်မှာ နောက်ထပ် တစ်စီးထပ်ရောက်လာပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း နှစ်စီးစလုံးရဲ့ ကားနံပါတ်တွေကိုမှတ်ပြီး စည်သူဖြိုးဆီကို ဖုန်းဆက်ပါတယ်။
ပြီးတော့ ကျွန်တော် ကုလားကြီးအိမ်ကို သွားပါတယ်။ ကုလားကြီးအိမ်ကနေ Hijet ကားနဲ့သွားပြီး စည်သူဖြိုးအိမ်မှာ သေနတ်နှစ်လက်နဲ့ ဝတ်မယ့်ယူနီ ဖောင်းတွေကို ဝင်ယူပြီးတော့ အင်းတကော်ကွေ့ကို သွားပါတယ်။ ဆယ်မိုင်ကုန်းကွေ့ကို ကျွန်တော်နဲ့ ကုလားကြီးက Hijet ကားနဲ့သွားပါတယ်။ စည်သူဖြိုး နဲ့ရန်လင်းထွေးက ဆိုင်ကယ်တစ်စီး၊ ကျော်ကြီးနဲ့ ရန်နိုင်က ဆိုင်ကယ်တစ်စီးနဲ့ အဲဒီနေရာကိုသွားကြပါ တယ်။ ရွှေပြည့်ကတော့ အစောကြီးကတည်းက သူ့နေရာမှာ သူ့တာဝန်ကို သူလုပ်ဆောင်နေပါတယ်။ ငပန်လည်း မြတ်စတားလမ်းဆုံမှာ အစောကြီးက တည်းကရောက်နှင့်နေပြီးတော့ သူ့ရဲ့ ကင်းတာဝန်ကို သူလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အားလုံး စုရပ်ကိုရောက်တဲ့အချိန်ကတော့ (၁)ချက်ခွဲဖြစ်ပါ တယ်။ (၂)ချက်ထိုးခါနီးလောက်မှာ ငွေသယ်ယာဉ်တွေ ရောက်လာပါတယ်။
ပြီးတော့ နှစ်နာရီထိုးခါနီးလောက်မှာ ငွေသယ် ယာဉ်ရောက်လာပါတယ်။ ရောက်လာတော့ကျွန်တော် နဲ့ကုလားကြီးနဲ့ ကားကိုတားလိုက်ပါတယ်။ တားပြီးတော့ အရှေ့မှာ ရပ်ဖို့လမ်းဘေးချရပ်ဖို့ ပြောပါတယ်။ လမ်းဘေးချရပ်တဲ့အချိန်မှာ စည်သူဖြိုးကကားပေါ်မှာ လက်နက်ပါလာတယ်ဆိုတဲ့ သတင်းရလို့ဆိုတဲ့ အကြောင်းပြောပြီး ကားကို လမ်းဘေးမှာရပ်ပြီး သူတို့စစ်ဆေးခဲ့ပါတယ်။ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ ဘာညာတောင်းပါတယ်။ ပြီးတော့ ဖုန်းတွေသိမ်းပါတယ်။ အဲဒီနောက် အင်းတကော် ရဲစခန်းကိုရောက်မှရှင်းလို့ ပြောပါတယ်။ သူတို့ ငွေသယ်ယာဉ်တစ်စီးမှာ ဘဏ်ဝန်ထမ်း သုံးယောက် ပါပါတယ်။ နှစ်စီးဆိုတော့ ခြောက်ယောက်ပါ။ အဲဒီ ခြောက်ယောက်ကို သူတို့ကားထဲမှာပဲ အနောက်မှာ တိပ်အမည်းတွေနဲ့လက်ရယ်၊ ပါးစပ်ရယ်၊ မျက်လုံးရယ်ကို ပိတ်ခဲ့ပါတယ်။ ပိတ်ပြီး ကျွန်တော်တို့ အဲဒီပိုက်ဆံအိတ်များကို ပါလာတဲ့ခွေးဘီလူးကားပေါ် ပြောင်းတင်ကြပါတယ်။ ပြောင်းတင်ပြီးပြန်လာတော့ ကုလားကြီးက ခေါင်းခန်းမှာ မောင်းပါတယ်။ ကျွန်တော်ကကားရဲ့ နောက်အခန်းမှာ ပိုက်ဆံအိတ် ပြုတ်ကျမှာကြောက်လို့လိုက်ခဲ့ပါတယ်။ စည်သူဖြိုး နဲ့ ရန်လင်းထွေးကတော့ လာတုန်းကလိုပဲ ဆိုင်ကယ် တစ်စီး၊ ကျော်ကြီးနဲ့ရန်နိုင်နဲ့က လာတုန်းကလိုပဲ ဆိုင်ကယ်တစ်စီး ပြန်ပါတယ်။ ကျွန်တော်နဲ့ ကုလား ကြီးနဲ့က လုလာတဲ့ပိုက်ဆံတွေကို သယ်လာတဲ့ ယာဉ်ကတစ်စီး၊ စည်သူဖြိုးနဲ့ ရန်လင်းထွေးနဲ့က ဆိုင်ကယ်တစ်စီး စက်မှုဇုန်လမ်းကနေပြီးတော့ စာကလေးကျေးရွာကိုဖြတ်ပြီး မြို့ရှောင်လမ်းကို ဖောက်ထွက်ကာ ဓမ္မဒူတမဂ္ဂင်ကျောင်းတိုက်ကို ကျွန်တော်တို့သွားပါတယ်။ ရန်နိုင်နဲ့ကျော်ကြီးနဲ့ကတော့ သူ့အစီအစဉ်နဲ့အတူ လမ်းဟောင်းအတိုင်း ပြန်သွားပါတယ်။ "ကျွန်တော်တို့ ဆရာလေးကျောင်းထဲကို ရောက်တာ ၃ နာရီဝန်းကျင်လောက် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ထိုကျောင်းတိုက်ကို ရောက်တော့ ကျွန်တော်ရယ်၊ ကုလားကြီးရယ်၊ စည်သူဖြိုးရယ်၊ ရန်လင်းထွေးရယ်က ကားပေါ်မှာပါလာတဲ့ ပိုက်ဆံတွေကို ဆရာလေးတို့ ဆွမ်းစားဆောင်ထဲ ခုတင်ပေါ်ကို ပြောင်းရွှေ့ပြီးတော့ထားတယ်။ ပါလာတဲ့သေနတ် နှစ်လက်ကိုလည်း အဲဒီမှာထားတယ်။ ပြီးတော့ မျိုးကိုကို ကျွန်တော်ကဖုန်းဆက်တယ်။ ဖုန်းဆက်ပြီး ငါတို့ရောက်ပြီဆိုတဲ့ အကြောင်းပြောတော့ မျိုးကိုက နေပြီး ကုလားကြီးတို့လည်း တစ်ယောက်သိန်း ၂၀၀ စီပေးဦးဆိုပြီး ကျွန်တော့်ကို ပြောပါတယ်။ ပြောတော့ကျွန်တော် ကုလားကြီးကို တစ်သောင်းတန်ခြောက်စည်း သိန်းခြောက်ရာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပြီးတော့ ပေးလိုက်ပြီး ကားသွားပြန်ထားဖို့ ပြောပါတယ်။ အဲဒီ သိန်းခြောက်ရာက ကုလားကြီးရယ်၊ ကျော်ကြီးရယ်၊ ရန်နိုင်ရယ် တစ်ယောက်သိန်းနှစ်ရာစီအတွက် သိန်းခြောက်ရာ ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ တစ်သောင်းတန်အိတ်တွေထဲမှာ GPS ပါမပါ ကျွန်တော်တို့ဖောက်ပြီးတော့ စစ်ခဲ့ကြပါတယ်။ အိတ်တချို့တစ်ဝက်က ဆုတ်ပြဲသွားတယ်၊ သုံးလို့မရ တော့တဲ့အတွက်ကြောင့် ကျွန်တော်တို့ အိတ်အမည်းတွေနဲ့ လှယ်ပြီးထည့်ခဲ့ကြပါတယ်။ အဲဒီအိတ်တွေ အကုန်လုံးကို ဆွမ်းစားကျောင်းထဲမှာပဲ ကျွန်တော်တို့ထားခဲ့ ကြတယ်။ အဲဒီအချိန်မှာ ထုပ်ပိုးလို့ မလောက်တော့လို့ ပိုက်ဆံသိန်း ၇၀၀ အပြင်မှာ ပိုနေခဲ့တယ်။ ပိုနေတော့ စည်သူဖြိုးက အိမ်ယူသွားမယ် ဆိုပြီးတော့ ပြောပါတယ်။ ကုလားကြီးက အဲဒီအချိန်မှာ ကျွန်တော့်ကို ဆိုင်ကယ်နဲ့လာပြီးတော့ ကြိုပါတယ်။ အဲဒီအချိန်မှာ စည်သူဖြိုးနဲ့ကုလားကြီးနဲ့က သိန်း ၄၀၀ ကို ယူပြီးတော့ သူ့ဆိုင်ကယ်နဲ့ တစ်စီး၊ ကျွန်တော်နဲ့ ရန်လင်း ထွေးနဲ့က ကုလားကြီးလာခေါ်တဲ့ ဆိုင်ကယ်နဲ့ သိန်း ၃၀၀ နဲ့တစ်စီး အဲဒီလိုမျိုး ကျွန်တော်တို့ပြန်ခဲ့ကြတယ်။
စည်သူဖြိုးအိမ်ကိုရောက်တော့ ကျွန်တော်က ဘောက်ထဲက သိန်း ၃၀၀ ကို ထုတ်ပြီး စည်သူဖြိုး အိမ်ပေါ်က ခုတင်ပေါ်ကို တင်ထားခဲ့ပါတယ်။ အဲဒီကို ရောက်တော့ ကုလားကြီးကသူ့အိမ်ကို သူပြန်သွားခဲ့ပါတယ်။ ပြီးတော့ အဲဒီည ၈နာရီမှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခြင်းကို ကျွန်တော်ရယ်၊ စည်သူဖြိုး ရယ်၊ ရန်လင်းထွေးရယ် သုံးယောက်ခံရပါတယ်။
သတင်းစဉ်