နေပြည်တော် စက်တင်ဘာ ၂၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီသုံးခုမှ D Parin-E (Enoxaparin Sodium) ၂၈၀၀၀၊ Pimcef Injection ၂၀၀၀၊ Merofenem Injection ၁၅၀၀၊ Ronem Injection ၁၅၀၀၊ Clavox Tablets ၆၀၀၀၊ Pantotec Injection ၃၁၀၀၀၊ Otide Injection ၁၀၀၀၊ Azitec (Azithromycin) ၂၀၀၀၀၊ Sol-U-Pred Injection ၃၀၀၀၀၊ Cefepime Injection ၄၀၀၀၊ Tazin Injection ၃၀၀၀၊ Dorvit-C (Vitamin C) ၁၂၈၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ မျက်နှာအကာ ၄၂၃၅ ခု၊ နှာခေါင်းစည်း ၄၄၀၀၊ Oxygen Tube ၄၀၀၊ Oxygen Mask ၂၀၀၊ Inhaler ၁၆၃၈ ခု၊ Revolizer ၁၅၆၀၊ အိမ်သုံး အောက်ဆီဂျင်စက် ၄၄၁ ခု၊ အောက်ဆီဂျင်အိုး ၂၆၈၀၊ အောက်ဆီဂျင် ထုတ်သည့်စက် ၁၉ ခု၊ Regulator ၂၀၀၀ နှင့် ဆေးဝါးမျိုးစုံ ၃၈ မျိုး (၂၇၃၈၃၉ ဒသမ ၂၄ ကီလိုဂရမ်)၊ နယ်စပ်(မူဆယ် မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီခြောက်ခုတို့မှ အောက်ဆီဂျင်အိုး ၇၁၀၊ နှာခေါင်း စည်း ၃၄၀၀၀ ကီလိုဂရမ်၊ အောက်ဆီဂျင်အရည် တန် ၂၀ Ton၊ Flow Meter/ Regulator ၄၅ ခု၊ အောက်ဆီဂျင်ထုတ်သည့်စက် နှစ်ခု၊ လက်အိတ် ၂၆၃၀၀ ကီလိုဂရမ်၊ Trolley ၁၀ ခု၊ Menaphthone Sodium Bisulphateusp Injection ၂၀၀၀ ကီလိုဂရမ်၊ Powder For Injection ( ၁၆၆၃၂ ကီလိုဂရမ်၊ Diclofence Injection ၉၉၀၀ ကီလိုဂရမ်၊ Spirometer ၈၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်