Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ် (၈) ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့ စည်ပင် ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး အတွက် ဈေးသို့သွားရောက်ရန် မလိုဘဲနေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင်ရန်ရောင်းချပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များနှင့်အညီ ဈေးဝယ်မှု ပြုလုပ်ကြရန် မှာကြားသည်။ ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည်ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၄၅) ရပ်ကွက် အောင်သပြေလမ်းရှိပြည်ထောင်စု မြောင်းမကြီးအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူ ရှင်းလင်းနေမှု၊ မြောင်းကမ်းစပ် တစ်လျှောက် မြက်ပင်များ ခုတ် ထွင် ရှင်းလင်းနေမှုတို့ကိုလည်း ကောင်း၊ တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းနှင့် သံသုမာလမ်းထောင့် (၁၃) ရပ်ကွက်ရှိ စက် အမှတ်(၃)ရတနာလမ်း ရေတွန်း စက်သို့ သွားရောက်၍ တောင် ဥက္ကလာပမြို့နယ် (၁၂) နှင့် (၁၃) ရပ်ကွက်များသို့ 20 HP ရေတွန်း စက်ဖြင့် ရေဖြန့်ဖြူးပေးဝေနေမှု ကိုလည်းကောင်း၊ ရန်ကင်းမြို့နယ် (၁၅)ရပ်ကွက် မိုးကောင်းလမ်း ခုနစ်ပင်လိမ်ချောင်းသို့ သွား ရောက်၍ ၎င်းချောင်းအတွင်း အမှိုက်များ၊ မြောင်းချေးများကို ခုနစ်တန် Amphibious Evacator ဖြင့် ဆယ်ယူရှင်းလင်းနေမှုတို့ကို လည်းကောင်း၊ နံနက် ၁၀ နာရီ တွင် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၁၂ ထပ်ခွဲရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm Vaccine ထိုးနှံပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်