Skip to main content

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခြင်းအပေါ် ပြန်လည်ကုစားရေး ဆောင်ရွက်ထားရှိမှု တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်း

နေပြည်တော် စက်တင်ဘာ ၂၁

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခြင်း အပေါ် ပြန်လည်ကုစားရေး ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုအခြေအနေ ရှင်းလင်း တင်ပြခြင်းနှင့် ဝန်ကြီးဌာနအားလုံး တစ်ပြေးညီ ဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃နာရီတွင်နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ် -၁၉ ရောဂါ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက နိုင်ငံတကာပြည်ပချေးငွေဖြင့် ဆောင်ရွက် နေသော စီမံကိန်းများ၊ ပြည်တွင်းအကျိုးတူ B.0.T စနစ်ဖြင့် ဆောင်ရွက်နေသော စီမံကိန်း များတွင် ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်မှုမရှိသော် လည်း စီမံကိန်းလုပ်ငန်းခွင်၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရသည့်အတွက် လုပ်ငန်းခွင်အလုပ်သမားများ၊ ဝန်ထမ်းများ ထိန်းချုပ် ရန်ခက်ခဲခြင်း၊ ပစ္စည်းစုဆောင်းရန်ခက်ခဲခြင်း၊ စက်ယန္တရားများ လုပ်ငန်းခွင်သို့သယ်ပို့ရန် ခက်ခဲခြင်း များကြောင့် လုပ်ငန်းဆောင်ရွက်ရန် နှောင့်နှေးရခြင်း အတွက် အချိန်တိုးမြှင့်ပေးရန် ကန်ထရိုက် တာများနှင့် ပြည်တွင်းပုဂ္ဂလိက B.O.T ကုမ္ပဏီများမှ တောင်းခံလာသည်ကို တွေ့ရှိရကြောင်း။

ကနဦးခွင့်ပြုပေးခဲ့

ပြည်တွင်းပုဂ္ဂလိက B.O.T ကုမ္ပဏီများ၏ တင်ပြတောင်းဆိုမှုများကို B.O.T ပဋိညာဉ်စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအရ လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှ အသေးစိတ်စိစစ်ပြီး ကနဦးခွင့်ပြု ပေးခဲ့ကြောင်း။

တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူ ကိုယ်စားလှယ်များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်မှုများအပေါ် ကုစားမှုအခြေ အနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ကြုံနေ ရသည့် အခက်အခဲများ၊ ဖြေလျှော့ထားရှိမှုများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေ လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်မြင့်ဦးက ဆောင်ရွက် နေသောလုပ်ငန်းများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်မှုအပေါ် ဆောင်ရွက်ထား ရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာ သည့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စည်ပင် သာယာရေးကော်မတီများ၏ တာဝန်ရှိသူများက နိုင်ငံတကာပြည်ပချေးငွေဖြင့် ဆောင်ရွက်သော စီမံကိန်းများ၊ ပြည်တွင်းအကျိုးတူပူးပေါင်းဆောင်ရွက်သော လုပ်ငန်းများနှင့် B.O.T စနစ်ဖြင့် ဆောင်ရွက် သောလုပ်ငန်းများတွင် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွား မှုကြောင့် ထိခိုက်မှုအပေါ် စီးပွားရေးအရ ပြန်လည် ကုစားနိုင်ရေးနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်