နေပြည်တော် စက်တင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်များကို တပ်မတော်ဆေးရုံများ ကျန်းမာရေးဌာနများနှင့် ကိုဗစ် စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓ္ဓမလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးများနှင့်ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဖြူးပေးလျှက်ရှိရာ ယနေ့တွင် မန္တလေးမြို့သို့ကာကွယ်ဆေး ၈၂၉၅၂ လုံး၊ မုံရွာမြို့သို့ ကာကွယ်ဆေး ၈၀၀၀ လုံးနှင့်တောင်ကြီးမြို့သို့ ကာကွယ်ဆေး ၂၂၀၄၅ လုံးတို့ကို မြေပြင် ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးမျာဖြင့် ဆက်လက် ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှတာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင် ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ယင်းသို့ ပို့ဆောင်ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေး လေယာဉ်၊ ရဟတ်ယာဉ်များ မြန်မာ့လေကြောင်းတို့၏အကူအညီများရယူကာ လေကြောင်း ခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်