Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှလွယ်ကူ လျင်မြန်စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၂ဝ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း များနှင့် မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း(၃)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ()ခုမှ ယာဉ်စီးရေ (၁၇)စီးဖြင့် အောက်ဆီဂျင်အရည် Browser ယာဉ်(၂)စီးဖြင့် တန်(၄၀)၊ အောက်ဆီဂျင် (အိုးခွံ) (၃၈၆၇) ခု၊ Oxygen Plant (၅၅)ခု၊ အိမ်သုံး Oxygen Concentrator (၁၈၀) ခုနှင့် နှာခေါင်းစည်း (Mask) (၂၄) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် Browser ယာဉ်(၂)စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ပြီး Oxygen Plant (၅၅) ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ အခု(၅၀) နှင့် မူဆယ်မှ ရန်ကုန်မြို့သို့(၃)ခု၊ သာစည်မြို့ သို့(၁)ခု၊ ချင်းရွှေဟော်မှ ပြင်ဦးလွင်မြို့သို့ (၁)ခုဖြစ်ကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။

(သတင်းစဉ်)