Skip to main content

နေပြည်တော်ကောင်စီမှ ကိုဗစ်- ၁၉ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြ သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို စားသောက်ကုန်များထောက်ပံ့

 

နေပြည်တော်၊ စက်တင်ဘာ- ၂၀

နေပြည်တော် ကောင်စီမှ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်း တမံပါဝင် ဆောင်ရွက် ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို စားသောက်ကုန်များ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က  ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါတားဆီး ကာကွယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်မှုကိုတွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး ပြည်ထောင်စု အဆင့်ရုံးများရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ ကိုဗစ်၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင် အထူးဂရုပြု အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက် အဖျက်အမှောက် လုပ်ရပ်များကို ထိန်းသိမ်းဆောင်ရွက် ရသည့်အပြင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ကာလတွင် ပြည်ထောင်စု နယ်မြေအနေဖြင့် Stay at Home (၄) မြို့နယ်အထိ သတ်မှတ်ဆောင်ရွက်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များ အနေနှင့် မြို့ဝင် မြို့ထွက်ဂိတ်များ၊ Stay at home မြို့နယ် Check Point များမှာ စစ်ဆေးရေး လုပ်ငန်းများ၊ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့ကြသည်ကို ကျေးဇူးတင်ဂုဏ်ပြု အပ်ပါကြောင်း၊ လုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မပျက် အားလုံးပူးပေါင်းပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကို ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက် စသည့် စားသောက်ကုန် များထောက်ပံ့ပေးအပ်ရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်က လက်ခံရယူပြီး စားသောက်ကုန်များ ထောက်ပံ့ခြင်း နှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြား သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တက်ရောက်လာကြသည့် ရဲတပ်ဖွဲ့ဝင်များကို ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးဝင်း အတွင်းရှိ ဝန်ထမ်းအိမ်ရာများနှင့် တပ်ဖွဲ့ ဓမ္မာရုံသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)