Skip to main content

စဉ်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ရှိ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်

စဉ့်ကူး စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်း မြို့နယ်တို့ရှိ ဂရန်အင်း များ၏ စုပေါင်းငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စဉ့်ကူးမြို့ ကုက္ကိုလ်ပင်ဆိပ်၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြင်ဦးလွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်း၊ မတ္တရာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းသန့်နှင့် ဝန်ထမ်းများ၊ အင်းသားကြီးများ တက်ရောက်၍ သုံးလက်မ အရွယ် ငါးမြစ်ချင်း ငါးသား ပေါက်ကောင်ရေ နှစ်သိန်းကို ဧရာဝတီ မြစ်အတွင်းနှင့် စဉ့်ကူး မြို့နယ်ရှိ ခူလယ်အင်းနှင့် မောင်းမကန်အင်းများအတွင်း ငါးမြစ်ချင်းကောင်ရေ ငါးသောင်းကို စုပေါင်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်