နေပြည်တော်၊ စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းသည် မိုင်းတုံတပ်နယ်ရှိ တပ်ရင်း/ တပ်ဖွဲ့များ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန် ရှိသူများသည် တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံရှိ ဥစားကြက်သားပေါက်များ မီးကိုင်ထား ရှိမှု၊ ဥစားကြက် နှင့် အသားတိုးကြက်မွေးမြူရေးခြံ၊ DYL ဝက်မွေးမြူရေးခြံ၊ နို့စားနွားနှင့် ဒေသနွားမွေးမြူရေးခြံ၊ ဒေသကြက်မွေးမြူရေးခြံများတွင် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မွေးမြူရေးအစာစပ်စက်ရုံမှ မွေးမြူရေးအစာ ထုတ်လုပ်နေမှု၊ တစ်သျှူး ငှက်ပျောစိုက်ပျိုးထားရှိမှုနှင့် ရာသီသီးနှံစိုက်ခင်းများတို့ကိုလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်