နေပြည်တော် စက်တင်ဘာ ၁၈
အကြမ်းဖက်သမားများသည် ခရမ်း-မောင်းမ ကားလမ်းအတိုင်းမောင်းနှင်လာသော လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပါဝင်သော မော်တော်ယာဉ်အား ယမန်နေ့ ညနေ ၆ နာရီခန့်က ငြုပ်သီးလှော် ကွန်ကရစ်တံတားအကျော် လမ်းဘေးချုံပုတ်တစ်ခုအတွင်းမှလက်လုပ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာအပြန်အလှန် ပစ်ခတ် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြန်အလှန်ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ကိုင်အကြမ်းဖက် သမားအချို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒဏ်ရာရရှိ အကြမ်းဖက်သမားတစ်ဦး ၊ လက်နက်ငယ် ၂ လက်၊ ပစ္စတို ၁ လက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းမှန်ပြန်ကြား ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။