Skip to main content

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ရန်ကုန်ဆိပ်ကမ်းများနှင့် နယ်စပ်ဂိတ်များမှ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၁၇

 

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

 

ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၁၇ ရက်က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီရှစ်ခုမှ Vitamin C+ Zinc + D3 Tablets ၂၀၄၀၊  Rosinox (Enoxparin Sodium) ၁၁၀၀၀၊  Enoxa-K40 Injection ၈၀၀၀၊  Softgels Of Vitamins Minerals ၁၁၄၀၀၊  Test Kit ၁၀၂၆၀၊ Centrifuge “Bbrc-101” နှစ်ခု၊ Blocheminal Analyzer လေးခု။

 

ရန်ကုန်ဆိပ်ကမ်းများ

 

ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Concentrator ၁၆၇ ခု၊ DisPosable Gown ၁၀၅၁၅၀၊ PPE ၁၁၀၈၂၇ ခု၊ Oxygen Plant ၁၄ ခု၊ Oxygen Cylinders ၁၀၀၀၊  Oxygen Regulators ၁၀၄၀၊ Oxygen Mask ၂၀၀၀၀၊ Face Mask ၁၇၃၄၃၁ ခုနှင့် ဆေးမျိုးစုံ ခြောက်မျိုး ၂၈၈၀၃၉ Kg ။

 

 နယ်စပ် (ချင်းရွှေဟော်၊ မြဝတီ)

 

နယ်စပ် (ချင်းရွှေဟော်၊ မြဝတီ) တွင် ကုမ္ပဏီငါးခုတို့မှ Mask ၉၉၁၀ Kg ၊ PPE ၂၅၀၀၊ Oxygen Plant တစ်ခု Oxygen Mask ၂၀၀၊  Gloves ၁၆၀၉၄ Kg ၊ Glucose/Sodium Chloride Injection ၁၂၆၄၈၀ Kg ၊ Vitamin-C Injection ၁၀၁၇၆ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်