Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များက အလှူငွေ များလှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၁၇

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူ များကို ကုသရေးလုပ်ငန်းများကို နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ၎င်း လုပ်ငန်းများကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် စေတနာရှင် အလှူ ရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာ များကို လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် ယနေ့တွင် တနင်္သာရီတိုင်းဒေသ ကြီး ပုလောမြို့နယ် ပလောက်မြို့ ရှိ နယ်မြေခံသင်တန်းကျောင်းသို့  ပလောက်မြို့မှ ဒေသခံအလှူရှင်တစ်ဦး Oxygen Concentrator တစ်လုံး၊ အောက်ဆီဂျင် လီတာ ၄၀ ဝင် တစ်လုံး၊ Flow Meter  တစ်လုံး၊ PPE ဝတ်စုံ ၂၀ တို့ကို လာရောက်ပေးအပ် လှူဒါန်းရာတာဝန်ရှိသူများက လက်ခံ  ရယူပြီး (ဝဲပုံ) ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်ကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီး တို့၌ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက အောက်ဆီဂျင်စက်ရုံ များကို တည်ဆောက် လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၁၆ ရက်နှင့် ယနေ့ တို့တွင် ဧရာဝတီ တိုင်းဒေသကြီး ကန်ကြီးထောင့်မြို့၌ အောက် ဆီဂျင် ထုတ်လုပ်သည့်စက် ရောက်ရှိတပ်ဆင် နေမှုကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်ရှိ  အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူး ပေးနေမှုတို့ကို လည်း ကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက သွားရောက်ကြည့်ရှု ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်