Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် (၄၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင် ခရီးသွားလုပ်ငန်းညှိနှိုင်းရေးမှူးရုံး ဘုတ်အဖွဲ့ အစည်းအဝေးသို့ online မှ တက်ရောက်

 

နေပြည်တော် စက်တင်ဘာ ၁၇

 (၄၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင် ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးမှူးရုံး ဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် virtual ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် online မှ ပါဝင်တက်ရောက်သည်။

အဆိုပါ အစည်းအဝေးများသို့ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြ သော တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနများမှ  ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင် များနှင့် ကိုယ်စားလှယ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ Southeast Asia Department  ဒါရိုက်တာ Mr. Alfredo Perdiguero ၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး အမှုဆောင်ဒါရိုက်တာ Mr. Jens Thraenhart နှင့် အဖွဲ့ဝင်များ  နှင့် အခြားဖိတ်ကြားထားသူများ ပါဝင်တက်ရောက် ကြသည်။

မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးမှူးရုံး ဘုတ်အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က နှုတ်ခွန်ဆက် စကားပြောကြားပြီး ကိုဗစ်အလွန် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍပြန်လည် ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁−၂၀၂၅)၊ “စွဲမက်ဖွယ်ရာ ပြည်မြန်မာ ကျန်းမာရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ထုံးလုပ်နည်း အစီအစဉ်ထုတ်ပြန် ကြေညာမှုအခြေအနေ များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့်  ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းအခြေအနေများနှင့် မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများကို ရှင်းလင်းပြောကြား သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များက ၎င်းတို့နိုင်ငံများရှိ ခရီးသွားလုပ်ငန်းအခြေအနေများနှင့် မဟာမဲခေါင်ဒေသအတွင်း ခရီးသွား လုပ်ငန်း ပြန်လည်စတင်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်၍ (၄၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး သို့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ပါဝင်တက်ရောက်ပြီး ကိုဗစ်−၁၉ ကပ်ရောဂါ ကာလအတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်ဆိုင်နေရသည့် အခြေ အနေများ၊ ကိုဗစ်−၁၉ အလွန်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေးအတွက် ပြင်ဆင်သင့်သော လုပ်ငန်း အစီအစဉ်များ၊ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ အကြား ခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)