နေပြည်တော် စက်တင်ဘာ ၁၇
တီးတိန်မြို့နယ်ခိုင်ကမ်းနယ်မြေရဲစခန်းအား စခန်း၏ အနောက်ဘက် မီတာ ၅၀ အကွာမှာရှိ ဗိုလ်ခိုင် ကမ်းပန်းခြံအနီးမှ အကြမ်းဖက်သမားများက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက် နံနက် ၅ နာရီ၅ မိနစ်က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရာ နံနက် ၅ နာရီခွဲတွင် အကြမ်းဖက်သမားများသည် အနောက် ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် ပစ်ခတ်မှုကြောင့် စခန်းရုံးခန်း အုတ်နံရံကျည်ထိမှန်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးမျှ ထိခိုက်ဒဏ်ရာမျှပင်မရှိကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်ကလည်း ထန်တလန် မြို့မရဲစခန်းကို အကြမ်းဖက်သမားများက စခန်း၏ အရှေ့မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ အမှတ်(၁)ရပ်ကွက် မြို့ပတ် လမ်းမှနေပြီး ၅ မိနစ်ခန့် လာရောက်ပစ်ခတ်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။