နေပြည်တော် စက်တင်ဘာ ၁၆
စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ပြုတ် ကျေးရွာသို့ အကြမ်းဖက်သူအင်အား ၅၀ ဦးခန့်က တူမီးသေနတ်နှင့် လက်လုပ်သေနတ်များဖြင့် ဝင် ရောက်၍ ကျေးရွာရှိ ရတနာရောင်ခြည် ဘုန်းတော်ကြီးကျောင်းအား သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၅ လုံးခန့် မီးလောင် ကျွမ်းခဲ့ကြောင်းနှင့် ကျေးရွာနေ ဖိုးလွင် ၂၆ နှစ်(ဘ)ဦးကျော်လွင်၊ မောင်မိုး ၃၀ နှစ်(ဘ)ဦးမောင်အေး တို့အား ဖမ်းဆီးခေါ်ဆောင်၍ ကျောက်စီကျေးရွာအနီး၌ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက် စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရှာဖွေစုံစမ်းဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။