Skip to main content

ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ  ၁၅

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံတွင် တက်ရာက်ဆေးကုသမှု ခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် PPE ဝတ်စုံ ၂၅ စုံ၊ Mask ၁၀၀၀ ခု၊ လက်သန့်ဆေးရည်များနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ ၊ မြို့နယ် ပြည်သူ့ဆေးရုံဝန်း အတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် ငွေကျပ်သိန်း ၁၁၀ နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးပေး အပ်ကြရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက စုပေါင်းလှူဒါန်းထားသော မော်လိုက်မြို့၊ အောင်သာယာ ရပ်ကွက်ရှိ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင် ၁၂၀ လုံးထွက်ရှိသော KHO-30 အမျိုးအစား အောက်ဆီဂျင်စက် စတင်တပ်ဆင်စမ်းသပ် လည်ပတ်ထုတ်လုပ်နေမှု အခြေအနေများကို ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်