နေပြည်တော် စက်တင်ဘာ ၁၅
အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (ASEAN Senior Officials Meeting on the Environment- ASOEN and Related Meetings)ကို စက်တင်ဘာ ၁၅ ရက်မှ ၁၇ရက်အထိ အလှည့် ကျအိမ်ရှင်အဖြစ် ဘရူနိုင်းနိုင်ငံမှ တာဝန်ယူ၍ Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိသည်။
ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အစည်းအဝေး ၏ သဘာပတိ(ASOEN Chair)အဖြစ် ဆောင်ရွက်ကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ASOEN National Focal Point ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ လက်ရှိ ဥက္ကဌ ဖြစ်သည့် မြန်မာနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ အစည်းအဝေးကို သတ်မှတ်အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ သည်။
စက်တင်ဘာ ၁၆ ရက်တွင် (၁၅) ကြိမ်မြောက် အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအစည်းအဝေး၊ ပထမအကြိမ်မြောက် အာဆီယံ-ကိုရီးယား ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစည်းအဝေး၊ အာဆီယံ-အီးယူ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)