Skip to main content

ပြည်သူများကို အွန်လိုင်းဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်

နေပြည်တော် စက်တင်ဘာ ၁၅

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁)လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ e- Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အမှာစကားပြောကြားရာ၌ e-Government ဝန်ဆောင်မှုဆိုသည်မှာ ပြီးဆုံးသွားခြင်းမရှိသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးသွားနိုင်ရန် ဆောင်ရွက်နေ ကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ အမှန်တကယ် လိုအပ်နေသည့် ဝန်ဆောင်မှုများကိုလည်း အွန်လိုင်းဝန်ဆောင်မှုအဖြစ် ပေးသွားနိုင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် New Nomal နေထိုင်မှုအသစ်အရ အွန်လိုင်းကို ပိုမိုသုံးစွဲလာကြသည့်အတွက် အစိုးရဌာနများအနေဖြင့်လည်း အဆင်သင့်ဖြစ်နေရန် လိုအပ်သည်များ ပြင်ဆင်သွားကြရမည်ဖြစ်ပါကြောင်း၊ ဆိုက်ဘာလုံခြုံရေးသည် အရေးကြီးလာ သည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် မူဝါဒများ အမြန်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်းနှင့် Myanmare-Governance Master Plan အသစ်တစ်ခုကိုလည်း ဆက်လက်ရေးဆွဲ ပြုစု ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအရ လျင်မြန်စွာ တိုးတက်လာ သည့် မိုဘိုင်းဖုန်းသုံးစွဲမှု၊ အင်တာနက်သုံးစွဲမှုအခြေ အနေများကြောင့် ကောင်းမွန်သည့် အကျိုးကိုရရှိခဲ့ သလို ပြည်သူများ၏ ဆိုက်ဘာလုံခြုံမှုနှင့် Online များမှတစ်ဆင့် ပုဂ္ဂိုလ်ရေး ခြိမ်းခြောက်ခံရခြင်း၊ ဆိုက်ဘာမှုခင်းကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါး အပအဝင် တရားမဝင် ရောင်းဝယ်မှု၊ လူကုန်ကူးခြင်း၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမည့် အကြမ်းဖက်မှုကိစ္စ စသည်များလည်း များပြားလာသည်ကို တွေ့ရှိကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီ လိုအပ်သည့် ကာကွယ်တားဆီး အရေးယူမှု များဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိ မှုများ ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်းနှင့် ယင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်မည်ဖြစ်သည့်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် e-Government အကောင်အထည်ဖော်ရေး ဆပ်ကော်မတီရှစ်ခုကို ပြန်လည် ပြင်ဆင်ဖွဲ့စည်း နိုင်ရေးကိစ္စရပ် spal Myanmar e-Govemance Master Plan (2021-2030) မူကြမ်းထွက်ရှိရေး ဆောင်ရွက်မှု အခြေအနေများ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့် ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း) ပြုစုရေးဆွဲထားရှိမှု အခြေအနေများကို တာဝန်ရှိသူအသီးသီးက ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက တင်ပြချက်များ အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

သတင်းစဉ်