နေပြည်တော် စက်တင်ဘာ ၁၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက် ၉ နာရီမှစတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံသြစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ (၂၇) ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ ပထမအကြိမ် အာဆီယံ-ဗြိတိန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ နှင့် (၉) ကြိမ်မြောက် အရှေ့ အာရှစီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့ကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။
တက်ရောက်
အဆိုပါ အစည်းအဝေးများသို့အာဆီယံစီးပွားရေး ဝန်ကြီးများ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးများ တွင် ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေး of 08: H.E. Dato Dr. Amin Liew Abdullah သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများမှ စီးပွားရေး ဝန်ကြီးများက ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ပထမဦးစွာ (၂၆) ကြိမ်မြောက် အာဆီယံ ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ သြစတြေးလျနိုင်ငံ ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး H.E. Dan Tehan MP နှင့် နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးနှင့် ပို့ကုန်တိုးတက်မှုဆိုင်ရာဝန်ကြီး H.E. Phil Twyford နှင့် အာဆီယံစီးပွားရေးဝန်ကြီးများက အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်း သဘောတူစာချုပ်အကောင်အထည်ဖော်မှု၊ သဘော တူစာချုပ် အဆင့်မြှင့်တင်ခြင်းအတွက် ညှိနှိုင်းမှု အခြေအနေများ၊ ၂၀၂၁ ခုနှစ်အလွန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အထောက်အကူပြုအစီအစဉ်နှင့် ချီလီနိုင်ငံက အဆိုပါသဘောတူ စာချုပ်တွင် အဖွဲ့ဝင်အသစ်အဖြစ် ပါဝင်ရန် အဆိုပြုလာခြင်းကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ဒေသတွင်း၌ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်အား အသုံးပြုမှုနည်းပါးနေသေးသည့် အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊ သဘောတူ စာချုပ်အဆင့် မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ မတိုင်မီ ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ချီလီနိုင်ငံအနေဖြင့် အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်သို့ အဖွဲ့ဝင်အသစ်အဖြစ် ပါဝင်ရန် အဆိုပြုလာခြင်းအပေါ် ကြိုဆိုကြောင်းနှင့် စီးပွားရေး အထောက်အကူပြု အစီအစဉ် အတွက် ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့၏ ကူညီပံ့ပိုးပေးမှုကိုလည်း ကျေးဇူးတင် ရှိကြောင်း ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် (၂၇) ကြိမ်မြောက် အာဆီယံဂျပန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနဝန်ကြီး H.E. KAJIYAMA Hiroshi နှင့် အာဆီယံစီးပွားရေးဝန်ကြီးများက အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူ စာချုပ်အောက်ရှိ အကောင်အထည်ဖော်မှု အခြေ အနေများ၊ ၂၀၂၁ ခုနှစ်အတွက် ဆောင်ရွက်သည့် အာဆီယံ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ နှင့် ဂျပန်နိုင်ငံက အဆိုပြုလာသည့် အာဆီယံ-ဂျပန် တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးအစီအစဉ် (ASEAN-Japan Priority for Innovative and Sustainable Growth) တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံက အဆိုပြုထားသည့် အာဆီယံ-ဂျပန် တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးအစီအစဉ်အောက်တွင် ပါဝင်သည့်နယ်ပယ် များသည် ကိုဗစ်-၁၉အလွန်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါကြောင်းနှင့် အဆိုပါအဆိုပြုချက်ကို ကြိုဆို ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပထမအကြိမ် အာဆီယံ-ဗြိတိန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး Rt Hon Elizabeth Truss MP @ 300386 စီးပွားရေးဝန်ကြီးများက အာဆီယံ-ဗြိတိန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (၂၀၂၀-၂၀၂၁) ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အာဆီယံနှင့် ဗြိတိန်တို့အကြား အနာဂတ် အာဆီယံ-ဗြိတိန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကြေညာချက်ကို ဝန်ကြီးများက အတည်ပြုခဲ့သည်။
ဆက်လက်၍ (၉)ကြိမ်မြောက် အရှေ့အာရှ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှားနှင့် ကိုရီးယား နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာတွင် ကိုဗစ် -၁၉ ကြောင့် သက်ရောက်မှုများနှင့် အရှေ့အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုများ လျှော့ချရေးအစီအမံများနှင့် အရှေ့အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန် ပြန်လည်ထူထောင်မှု လုပ်ငန်းများနှင့်စပ်လျဉ်း Economic Research Institute for ASEAN and East Asia -ERIA က ပြုစုတင်သွင်းသည့် စာတမ်းတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် တိုက်ဖျက်ရေး၊ ကာကွယ်ဆေး သာတူညီမျှရရှိရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများစီးဆင်းမှု အဆင်ပြေ ချောမွေ့စေရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးလာစေရေးတို့သည် အရေးကြီး ကြောင်း အလေးပေးပြောကြားသည်။
ထို့နောက် အစည်းအဝေးအသီးသီးကထုတ်ပြန် မည့် ပူးတွဲကြေညာချက်များကို ဝန်ကြီးများက အတည်ပြုခဲ့ကြသည်။
အဆိုပါ အစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိများလည်း တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်