Skip to main content

နိုင်ငံတော်အစိုးရ တာဝန်ယူမှု ခုနစ်လမြောက်၏ မှတ်တိုင်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်း မပျက်ယွင်းရ အောင် တာဝန်ယူဦးဆောင်ဦးရွက်ပြုခဲ့ တာ ခုနစ်လတာပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

 

စတင်တာဝန်ယူခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ် စတဲ့အစောပိုင်းလတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နိုင်ငံ တော်အစိုးရရဲ့ စေတနာအရင်းခံ ဆောင်ရွက်မှုတွေက ပိုမိုမြင်သာထင်ရှားလာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှုတွေ၊ တည်ငြိမ်အေးချမ်းမှုတွေကို ယခင်လများထက် ပိုမိုမြင် တွေ့လာရသလို ကိုဗစ်-၁၉ ရောဂါကို အစိုးရ၊ ပြည်သူ၊ အသင်းအဖွဲ့တွေနဲ့ တပ်မတော် သားတွေအားလုံး ညီညီညာညာနဲ့ တွန်းလှန်ကြခြင်းရဲ့ အဖူးအပွင့်တွေအဖြစ် ပိုးတွေ့ လူနာဦး ရေလည်း မျှော်မှန်းအခြေအနေကို ကျဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ထိခိုက်ခံစား ခဲ့ရတဲ့ လူမှုစီးပွားဘဝတွေကို အမြန်ဆုံးပြန်လည်ဦးမော့စေဖို့ အခြေခံစီးပွားရေးလုပ်ငန်းတွေ အပါအဝင် ကဏ္ဍအသီးသီးမှာ မြှင့်တင်မှုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြသလို လာလတ္တံ့ သော မျိုးရိုးဗီဇကွဲ ကိုဗစ်အစွယ်အပွားတွေကို တိုက်ထုတ်ရာမှာ အရေးကြီးတဲ့ ကာကွယ်ဆေး ထိုးနှံပေးမှုအစီအစဉ်တွေကလည်း တစ်နိုင်ငံလုံးအတိုင်းအတာ အားကောင်းလာခဲ့ပြီ ဖြစ်ပါ တယ်။

 

(ယမန်နေ့မှအဆက်)

 

ပြည်တွင်းပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံတွေကို မရပ်နားဘဲ အလုပ်ရှင်၊ အလုပ်သမားတွေ ထိခိုက် နစ်နာမှုမရှိစေဖို့ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျစစ်ဆေးပြီးမှ ဖွင့်လှစ်ခွင့်ပေးခဲ့ သလို အလုပ်သမားထုကြီးရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားသုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးပွဲကိုလည်း ဩဂုတ်လ ၃ ရက်က ကျင်းပခဲ့ပြီး အလုပ် သမားတွေရဲ့ အခွင့်အရေးနဲ့ အခက်အခဲတွေကို ညှိနှိုင်းပေးခဲ့ပါတယ်။ ထို့အတူ လူမှုဖူလုံ ရေးအဖွဲ့ကို ထည့်ဝင်ကြေးတွေ ပေးသွင်း ရာမှာလည်း အလုပ်ရှင်၊ အလုပ်သမားအခက်အခဲ တွေကို ဖြေလျှော့ပေးတဲ့အစီအစဉ်အဖြစ် ခြောက်လ နောက်ဆုတ်ပေးသွင်းခွင့်နဲ့ အဲဒီကာလ တွေမှာ ပျက်ကွက်လေးကိုလည်း ကင်းလွတ်ခွင့်ကို ဩဂုတ် လ၆ ရက်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အာမခံ အလုပ်သမားတွေအတွက် လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါ ကုဆေးခန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်မှာ ဩဂုတ်လ ၂၇ ရက်က ဖွင့်လှစ်ပေးနိုင် ခဲ့တဲ့အပြင် စက်မှုဇုန်တွေက အာမခံ အလုပ်သမားတွေအပါအဝင် ယခုလအတွင်းမှာ လူမှုဖူလုံ ရေးအကျုံးဝင် အာမခံအလုပ်သမား ၈၉၃၇၇၂ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ။

 

နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အကျိုးစီးပွားအတွက် ဆောင်ရွက်ချက်တစ်ခုအနေနဲ့ ရေးဖွင့် ထားတဲ့အမှုတွေကို ဥပဒေနဲ့အညီပိတ်သိမ်းပေးတာ၊ ရုပ်သိမ်းပေးမယ့်အကြောင်း သြဂုတ်လ ၃ ရက်က သိရှိခဲ့ရပါတယ်။ လူသတ်၊ လုယက်၊ မီးရှို့၊ မိုင်းခွဲ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံပိုင် လမ်း၊ တံတား၊ အဆောက် အအုံတွေအပေါ် လုပ်ဆောင်ခဲ့သူ၊ CDM လှုပ်ရှားမှုတွေကို ကာယကံမြောက် ထဲထဲဝင်ဝင် လုပ်ဆောင်သူတွေမှအပ စိုးရိမ်စိတ်နဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ထမ်း တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ပြည်သူတွေကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် နိုင်ဖို့ဖြစ်ပါ တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ဆက်သွယ်နိုင်တဲ့လိပ်စာနဲ့ ဖုန်းနံပါတ် တွေကို ဖော်ပြပေးပြီး လက်ခံခေါ်ယူခဲ့တာကြောင့် ဩဂုတ်လ ၄ ရက်မှ ၁၂ ရက်အကြား ကျန်းမာရေး၊ ပညာရေးနဲ့ အလွှာစုံက တိမ်းရှောင်နေသူ ၂၇ ဦး ဆက်သွယ်လာခဲ့ပြီး သတ်မှတ်ချက်နဲ့ကိုက်ညီမှု ရှိခဲ့တဲ့ ၁၅၀ ရဲ့ အမှုတွေကို ပိတ်သိမ်းပေးခဲ့သလို ကျန်ရှိအမှုတွေကိုလည်း အမြန်ပိတ်သိမ်းနိုင်ဖို့ စိစစ်ဆောင်ရွက်နေတာကို သိရှိရပါတယ်။

 

စီးပွားရေးအတွက် ခြေလှမ်းများစွာ

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေတဲ့ကာလအတွင်း မိမိတို့နိုင်ငံရဲ့ အခြေခံစီးပွားရေးလုပ်ငန်းတွေဖြစ် တဲ့ စိုက်ပျိုးရေး နဲ့မွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားဖို့ အတွက် ကြိုးပမ်းဆောင်ရွက်ချက်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ အင်တိုက်အားတိုက် လုပ်ဆောင်လာတာကိုလည်း မြင်တွေ့ရပါ တယ်။

 

အစိုးရ၊ တပ်မတော်နဲ့ ပုဂ္ဂလိကပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကနေ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်တိုးတက်လာဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေ၊ တိုင်းမှူး တွေနဲ့ တာဝန်ရှိသူတွေက လိုအပ်ချက်တွေကို နေ့စဉ်လိုက်လံ ဖြည့်ဆည်းပေး လျက်ရှိ တာကို လည်း အားတက်ဖွယ် မြင်တွေ့ရပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ ပုဂ္ဂလိကပိုင် မွေးမြူရေး ခြံတွေနဲ့ စိုက်ပျိုးရေးစခန်းတွေကို သွားရောက်ကြည့်ရှုပြီး လိုအပ်တာတွေကို ဖြည့်တင်းပေး နိုင်ဖို့၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေတွင်ကျယ်စေဖို့ ဆောင်ရွက်လျက်ရှိ ပါတယ်။

 

နိုင်ငံခြားရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ် ချက်နဲ့ပတ်သက်ပြီး လိုင်စင်ရဘဏ်တွေ၊ နိုင်ငံခြား သုံးငွေရောင်းဝယ်သူတွေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တာဝန်ရှိသူတွေ တွေ့ဆုံပြီး ရောင်းဈေး၊ ဝယ်ဈေးကွာခြားမှုနည်းပါးစေဖို့၊ ဒေါ်လာဈေးမြင့်မားမှုကြောင့် အခြားကုန်စည်တွေ ဈေးမြင့် တက်မှုကို တားဆီးနိုင်ဖို့ ဩဂုတ်လ ၃ ရက်က ညှိနှိုင်းအဖြေရှာခဲ့ကြတာကိုလည်း တွေ့မြင် ရပါတယ်။

 

စိုက်ပျိုးရေးသီးနှံတွေကို ပြည်ပတင်ပို့မှု အားကောင်းစေဖို့ ဆောင်ရွက်လျက်ရှိရာမှာ ပြီးခဲ့တဲ့ ဇွန်လက နှစ်နိုင်ငံအကြား မတ်ပဲနဲ့ ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်တဲ့ အနေနဲ့ အိန္ဒိယနိုင်ငံကို မတ်ပဲနဲ့ ပဲစင်းငုံ သတ်မှတ် တန်ချိန်ပြည့်မီအောင် တင်ပို့နိုင်ဖို့အတွက် ယခုလ အတွင်း ညှိနှိုင်းဆောင်ရွက်မှုတွေ စတင်နိုင်ခဲ့တာကို ဩဂုတ်လ ၉ ရက်က မြင်တွေ့ရပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အားကောင်းစေဖို့ ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ ဖြိုးရေးဝန်ကြီးဌာန က ကြိုးပမ်းလျက်ရှိနေပြီး စံပြကျေးရွာစီမံကိန်း လုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက် လျက်ရှိပါတယ်။

 

ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အစိုးရရုံးတွေ၊ ဈေးတွေ၊ စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရပေမယ့် ကမ်းဝေးငါးဖမ်းလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ပြည်ပတင်ပို့တာတွေကို အရှိန် အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာမှာ ဩဂုတ်လ ပထမပတ်အတွင်း ပင်လယ်ကမ်းဝေးငါးဖမ်း ရေယာဉ် ၅၇၃ စင်းကို မူလခွင့်ပြုထားတဲ့ ၈၉၉ စင်းအပါအဝင် စုစုပေါင်းငါးဖမ်းရေယာဉ် ၁၄၇၂ စင်းနဲ့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေ ဆောင်ရွက် ခွင့်ရရှိခဲ့တာကိုလည်း ဩဂုတ်လ၉ရက်က သိရှိရပါတယ်။

 

ဩဂုတ်လအတွင်း ကော့သောင်း - ရနောင်း နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်မှု သတ်မှတ် ချိန်တွေကို တိုးမြှင့်ခွင့်ပြုပေးခဲ့တာကိုလည်း ဩဂုတ်လ ၁၃ ရက်က တွေ့ရှိရပါတယ်။ မူလက နေ့စဉ် နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအတွင်းသာ ကုန်သွယ်မှုတွေ ဆောင်ရွက်ခဲ့ရသော်လည်း ယခုမူ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ် ကုန်သွယ်မှုတိုးမြှင့်ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ လုပ်ငန်းစီမံချက်မှာပါဝင်တဲ့ လုပ်ငန်း ကော်မတီ ၂၂ ခုရဲ့ လုပ်ငန်းညှိနှိုင်းမှုတွေကို ဩဂုတ် လ ၁၃ ရက်က ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထို့အတူ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးဇုန်နဲ့ စားသောက် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ပိုမိုရင်းနှီးမြှုပ်နှံ နိုင်စေဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက လိုအပ်တဲ့ပံ့ပိုးမှုတွေ ပေးအပ် နိုင်ဖို့အတွက် အစည်းအဝေးတစ်ရပ်ကိုလည်း ဩဂုတ်လဒုတိယပတ်အတွင်းက ကျင်းပခဲ့ ပါတယ်။ စီမံကိန်းတွေအတွက် မြေနေရာသတ်မှတ်တာတွေကနေ ဝန်ဆောင်မှု၊ ထုပ်ပိုးမှု၊ သယ်ယူပို့ဆောင်မှု၊ သုတေသနစတဲ့ လုပ်ငန်းအောင်မြင်နိုင်ရေး ကိစ္စရပ်တွေအတွက် အဖြေရှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာကိုလည်း မြင်တွေ့ရပါတယ်။

 

ယခုလအတွင်းမှာ အခြေခံစားကုန်နဲ့ အိမ်သုံး ဆေးဝါးတွေကို ရွေ့လျားဈေးကားစနစ်နဲ့ ဈေးနှုန်း ချိုသာစွာ လှည့်လည်ရောင်းချပေးနိုင်ခဲ့တဲ့အတွက် ကိုဗစ်ကြောင့် ဆေးလိုအပ်ချက်နဲ့ စားနပ် ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့် ပြည်သူတွေအတွက် အဆင်ပြေလွယ်ကူ ခဲ့ပါတယ်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက ဦးဆောင်ရေးဆွဲတဲ့မြန်မာနိုင်ငံစီးပွား ရေးပြန်လည်ဦးမော့လာစေရေးစီမံချက်ကို ဩဂုတ် လ ၂၅ ရက်က အပြီးသတ်ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ စီမံချက်အတွင်း လုပ်ငန်း အစီအစဉ်၁၀ ခု၊ မျှော်မှန်း ချက် ၂၇ ခု၊ လုပ်ငန်းစဉ်၄၀၇ ခုတို့ ပါဝင်ကြောင်း သိရှိရပါတယ်။ ကော်မတီဝင်တွေက စီမံချက် မူကြမ်းအပေါ် ဝိုင်းဝန်းဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဖြစ်တာကြောင့် အတည်ပြုနိုင်ရေးဆောင်ရွက် နေပြီဖြစ်ပါတယ်။

 

တတိယလှိုင်းကို အန်တု၊ အောင်မြင်စွာ ဖြတ်ကျော်

 

ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လအတွင်း ပြည်သူလူထုထံကို အသိပေးချက်တွေ ထုတ်ပြန် ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန် ရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုကို အခမဲ့ကာကွယ်ဆေးထိုးနှံပေးခဲ့တာ၊ အရည် အသွေးကောင်းမွန်ပြီး ဘေးကင်းစိတ်ချရတဲ့ ကာကွယ်ဆေးတွေဖြစ်ဖို့ လိုအပ်တာနဲ့ ဈေးကွက် အတွင်း ကာကွယ်ဆေးအတုအပတွေ ရောင်းချ နေတာဟာ ရောဂါကာကွယ်နိုင်ခြင်းမရှိတဲ့အပြင် ဘေးအန္တရာယ်ပါဖြစ်စေနိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်အသိ အမှတ်ပြု ထားတဲ့ ကာကွယ်ဆေးတွေကိုသာ ထိုးနှံကြဖို့ နိုင်ငံတော် အစိုးရက တိုက်တွန်းခဲ့သလို တရားမဝင်ကာကွယ် ဆေးအတုအပတွေ ဖြန့်ဖြူးရောင်းချနေမှုတွေကိုလ ည်း အရေးယူသွားမှာ ဖြစ်တယ်လို့ အသိပေးခဲ့ပြီး ဆေးဈေးကွက်အတွင်း မှန်ကန်မျှတတဲ့ဈေးနှုန်း တွေကိုလည်း နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပေးခဲ့ပါတယ်။ ။

 

အများပြည်သူ ရုံးပိတ်ရက်တွေအဖြစ် ကြေညာခဲ့တဲ့ကာလတစ်လျှောက် နယ်စပ်ကုန်သွယ်ရေး စခန်းတွေမှာ ပုံမှန်အတိုင်း ပို့ကုန် သွင်းကုန်လုပ်ငန်းတွေကို ရပ်ဆိုင်းထားခြင်းမရှိဘဲ ဆောင်ရွက်ပေးနေသလို ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုတွေကိုလည်း အွန်လိုင်းမှတစ်ဆင့် ပုံမှန်ခွင့်ပြုပေးလျက်ရှိပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ဆိုင်တဲ့ ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို တင်သွင်းခွင့်ပြုပေးခဲ့တာ တွေကိုလည်း နေ့စဉ်မြင်တွေ့ခဲ့ရပါတယ်။

 

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ပြည်သူ့ဆေးရုံ၊ တပ်မတော်ဆေးရုံ၊ ကျန်းမာရေး ဌာနတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုဗစ်စင်တာတွေ၊ ပရဟိတအသင်းအဖွဲ့တွေထံကို အောက်ဆီဂျင်အိုး အပါအဝင် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းတွေ ဖြန့်ဝေ လှူဒါန်းတာတွေကို ယခုလအတွင်း အများဆုံးမြင်တွေ့ခဲ့ရပါတယ်။ ကိုဗစ် အတည်ပြုလူနာ တွေနဲ့ သီးသန့်စောင့်ကြည့်ရမယ့် သူတွေအတွက် နေရာထိုင်ခင်း ကြိုတင်ပြင်ဆင်မှု တွေကို လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးမှာရှိတဲ့ တပ်မတော်ဆေးရုံတွေ၊ နယ်မြေခံသင်တန်း ကျောင်းတွေ၊ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းတွေမှာ စဉ်ဆက်မပြတ်ကြိုတင်ပြင်ဆင်တာ၊ လက်ခံ ထားရှိတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ထို့အတူ ကျန်းမာရေးဝန်ကြီးဌာနကနေ ဩဂုတ် လ ၂ ရက်မှာ ပြည်သူသို့ အသိပေးပြန်ကြားချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ Stay at Home ကာလ စည်းကမ်းမလိုက်နာသူတွေကို အနယ်နယ် အရပ်ရပ်မှာ အရေးယူတာ၊ အသိပညာပေးတာတွေ ကို လုပ်ဆောင်လျက်ရှိပါတယ်။ အိမ်သုံးဆေးဝါးတွေနဲ့ ကျန်းမာရေးသုံးပစ္စည်းတွေကို သိုလှောင်တာ၊ အမြတ်တင်ရောင်းချနေ တာတွေကိုလည်း ဖော်ထုတ် အရေးယူခြင်းတွေကို ဩဂုတ်လအတွင်း လုပ်ဆောင်လေကြောင်း ခရီးစဉ်တွေ ပျံသန်းဆင်းသက်တာကို ယာယီကန့်သတ်ကာလတိုးမြှင့်တာ၊ ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက အသိပေးကြေညာချက်တွေ ထုတ်ပြန်တာတွေကို ဆောင် ရွက်ခဲ့ပါတယ်။ ။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေကိုလည်း ယခုလအတွင်း အများပြည်သူတွေရဲ့ လှူဒါန်းမှုမြင့်တက်လာခဲ့တာကို ဝမ်းမြောက်ဖွယ်သိရှိရပါတယ်။ ရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော် မတီရဲ့ အသိပေးကြေညာချက်တွေအရ လှူဒါန်းရရှိမှု နဲ့ ကာကွယ်ဆေးဝယ်ယူမှုအခြေအနေတွေ ကိုလည်း ပွင့်လင်းမြင်သာစွာ သိရှိခွင့်ရခဲ့ပါတယ်။

 

ထို့အတူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတွေ အတွက် နောက်ဆက်တွဲလိုအပ်ချက်တစ်ခုဖြစ်တဲ့ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြည်သူ့ဆေးရုံတွေနဲ့ တပ်မတော်ဆေးရုံတွေမှာ အောက်ဆီ ဂျင်ထုတ်လုပ်တဲ့စက်ရုံတွေ တည် ဆောက်လျက်ရှိရာ ဩဂုတ်လအတွင်း ပြီးစီးသွားတဲ့ စက်ရုံများစွာ ထွက်ပေါ်လာခဲ့ပြီဖြစ် ပါတယ်။ ထို့အတူ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြည်သူတွေအားလုံး သတ်မှတ်အုပ်စု တွေအလိုက် ကာကွယ်ဆေးထိုးနှံ ပေးနိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို မြေပြင် အအေး လမ်းကြောင်း မော်တော်ယာဉ်တွေနဲ့ ဖြန့်ဖြူး ပေးလျက်ရှိသလို တပ်မတော်လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေနဲ့လည်း ဖြည့်ဆည်းဖြန့်ဖြူးပေးနေတာကို မြင်တွေ့ရပါတယ်။ ။

ဩဂုတ်လ၈ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်သန်းရောက်ရှိလာခဲ့သလို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နဲ့ ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံး၊ စစ်သံရုံးတို့ကလှူဒါန်းတဲ့ ကာကွယ် ဆေးတွေနဲ့ဆေးဘက် ဆိုင်ရာ အထောက်အကူပစ္စည်းတွေ ဩဂုတ်လ၂၂ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကိုလည်းကောင်း၊ တရုတ်နိုင်ငံမှ ဝယ်ယူ ထားတဲ့ကာကွယ်ဆေး နှစ်သန်းမှာ ဩဂုတ်လ ၂၈ ရက်ကလည်းကောင်း ရောက်ရှိလာခဲ့ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနကနေ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ပိုမို ထိရောက်စေဖို့အတွက် သြဂုတ်လအတွင်း မြင်းခြံ မြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ထားဝယ်မြို့နယ်။ မြိတ်မြို့ နယ်၊ မိုးညှင်းမြို့နယ်၊ ဝိုင်းမော် မြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ ချောင်းဆုံ မြို့နယ် စတဲ့မြို့နယ်တွေကို stay at Home မြို့နယ်တွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

သတင်းမှန်စီးဆင်းမှုမြန်ဆန်စေရေး ကြိုးပမ်းလျက်ရှိ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ကို ဩဂုတ်လအတွင်း ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာတွေထံက ဆက်သွယ်မေးမြန်းမှုတွေရှိခဲ့ပြီး သတင်းမှန်ရရှိရေးအတွက် အချိန်နဲ့တစ်ပြေးညီ ပြန်လည်ဖြေကြားပေးလျက်ရှိတာကိုလည်း မြင်တွေ့ရပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အမည်ကို အလွဲသုံး၍ သတင်းမှားလွှင့်တင်တာကို ဩဂုတ်လ ၁၁ ရက် က ပြန်လည်ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။ ။

မီဒီယာကဏ္ဍ တိုးတက်မြင့်မားရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်တွေကို ရွေးချယ်တင်မြှောက်ခဲ့ပြီး အသစ်ပြန်လည်ဖွဲ့စည်းမှုတွေကို သြဂုတ်လအတွင်း ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့က နိုင်ငံခြားသံရုံးကိုယ်စားလှယ် တွေ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံကာ (၈/၂၀၂၁) သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၂၇ ရက်က ကိုဗစ်- ၁၉ ကပ်ရောဂါကာကွယ်ရေးနည်းလမ်းတွေနဲ့အညီ ပြုလုပ်ခဲ့ပါတယ်။ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာမှာ နိုင်ငံတော် အစိုးရရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက် ချက်တွေ၊ နိုင်ငံတော် အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေကို ချမှတ်အကောင်အထည်ဖော် နေမှုဆိုင်ရာ တွေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးစတဲ့ကိစ္စရပ်တွေကို ဗီဒီယိုဖိုင်တွေနဲ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲ ဆိုင်ရာ စစ်ဆေးတွေ့ရှိချက်တွေ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပယ်ဖျက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့မှုနဲ့ ကော်မရှင်ရဲ့ ရှေ့ဆက်ဆောင်ရွက် မယ့်လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြော ကြားခဲ့ပြီး တက်ရောက်လာကြသူတွေရဲ့ မေးမြန်းမှုတွေကို သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်း ဆောင်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြား ပေးခဲ့ပါ တယ်။

 

နိဂုံးချုပ်တင်ပြရလျှင် နိုင်ငံတော်အစိုးရဆိုတာ နိုင်ငံနဲ့ ပြည်သူတွေကို အကျိုးစီးပွားဖြစ်ထွန်း စေဖို့၊ တည်ငြိမ်အေးချမ်းစေဖို့နဲ့ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ မှားယွင်း တိမ်းချော်မှု တွေကို ပြန်လည်တည့်မတ်စေဖို့ ပေါ်ထွက်ခဲ့ရသူတွေ ဖြစ်ပါတယ်။ ပြည်သူနဲ့အစိုးရအကြား အပြန်အလှန် ချစ်ခင်ရင်းနှီးစွာ၊ ယုံကြည်လေးစားစွာ ပူးပေါင်းဆောင်ရွက်ကြခြင်းရဲ့ ရလဒ်အဖြစ် ကိုဗစ်တတိယ လှိုင်းကို လျော့နည်းကျဆင်းအောင် ကြိုးပမ်း ခဲ့တဲ့ဩဂုတ်လက သက်သေတည် နေပြီဖြစ်ပါတယ်။ ရှေ့အနာဂတ်ကာလများမှာလည်း ယခု ထက်ပိုမိုတဲ့သွေးစည်းညီညွတ်မှုကို အရင်းခံပြီး ဒီမိုကရေစီ နိုင်ငံတော်သမိုင်းသစ်ကို အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ အတူတကွ ထုဆစ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ။

 

ကနောင်