Skip to main content

သဲကုန်းမြို့ ဆင်တဲကုန်းကျေးရွာရှိ ကြက်မွေးမြူရေးခြံဝင်းအတွင်း လက်လုပ်ရီမုမိုင်း စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိ

နေပြည်တော် စက်တင်ဘာ

သဲကုန်းမြို့နယ် ဆင်တဲကုန်းကျေးရွာနေ အုန်းဟန်(၃၇ နှစ်) ပိုင်ဆိုင် သည့် ကြက်မွေးမြူရေးခြံအတွင်း စက်တင်ဘာ ရက် နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လက်လုပ်ရီမုမိုင်း စမ်းသပ်ပြုလုပ်စဉ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် သဲကုန်းမြို့နယ် အုတ်ဆွဲကျေးရွာနေ ရန်ကျော်(၂၄ နှစ်)မှာ နေရာတွင်ပင်သေဆုံးခဲ့ကာ ၎င်းနှင့်အတူ မိုင်း စမ်းသပ်ရာတွင်ပါဝင်သူ ကြက်မွေးမြူရေးခြံပိုင်ရှင် အုန်းဟန်နှင့် လိပ်ပြာသိန်းသောင်းကျေးရွာနေ ဇင်လင်းထက်(၂၄ နှစ်)တို့မှာ ပြင်းထန် ဒဏ်ရာများရရှိခဲ့သည်။

ပေါက်ကွဲသည့်ဝန်းကျင်တွင် လက်လုပ်မိုင်း ငါးလုံး၊ ဒီတိုနေတာ အခု ၃၀ ယမ်းကြိုး(အမြန်) ၂၇ မီတာနှင့် ဖောက်ခွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

သတင်းစဉ်