Skip to main content

ဟုမ္မလင်း၊ ပခုက္ကူ၊ သင်္ဃန်းကျွန်း၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ရက် ၁၁ နာရီခွဲတွင် ဟုမ္မလင်းမြို့နယ်၊ စံကပ်ကျေးရွာအနီး၌ မောင်မောင်လွင် မောင်းနှင်ပြီး အားခေ()အားခီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၅၅ ကီလိုကိုလည်းကောင်း။

အလားတူ စက်တင်ဘာ ရက် နံနက်  နာရီမိနစ် ၂၀ တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပခုက္ကူမြို့၊ အမှတ်()ရပ် ကွက်တွင် မဥမ္မာလင်း မောင်းနှင်ပြီး မသန်းဌေးမြင့် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ကျော်စိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ,၈၈၀ ပြား ကိုလည်းကောင်း။

ထို့အတူ ယင်းနေ့ ညနေ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်ရှိ တည်းခိုခန်းအနီးတွင် စောသန်းစိုး()ပေါင်မုန့်နှင့် မိုးသူ တို့အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၄,၀၀၀ ကိုလည်းကောင်း။

အလားတူ စက်တင်ဘာလ ရက် နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့အဝင်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ဝင်းလှိုင်()မိုဟာမတ်ဟာဆန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း။

စက်တင်ဘာ ရက် နံနက်ပိုင်းတွင် သီပေါမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ သီပေါ-လားရှိုးသွားကားလမ်း၊ ကုန်းသာကျေးရွာအနီးတွင် Mark II အမျိုးအစားမော်တော်ယာဉ်()စီး တိမ်းမှောက်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရှိရဘဲ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်အတွင်းမှ ငွေကျပ် သိန်း ,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀  ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)