နေပြည်တော် စက်တင်ဘာ ၇
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်း ရွှေဟော်၊ မြဝတီနှင့် ထီးခီးကုန်သွယ်ရေးစခန်း (၄) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂၂) ခုမှ ယာဉ်စီးရေ (၃၈) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၃)စီး ဖြင့်(၅၇)တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၃) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၁၉၇၅၇) ခု၊ Oxygen Plant (၁၃)ခု၊ Oxygen Generator (၃) ခု၊ အိမ်သုံး Oxygen Concentrator (၂၆၆၇) ခု၊ PPE ဝတ်စုံ (၆၇၅၀၀)၊ လက်အိတ် (၆) တန် နှင့် နှာခေါင်းစည်း (Mask) (၈၈) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၃) စီးမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပဲခူးမြို့တို့သို့ (၁)စီးစီဖြစ်ပြီး Oxygen Plant (၁၃)ခု မှာ ရန်ကုန်မြို့သို့ (၄)ခု၊ မန္တလေးမြို့သို့ (၇) ခု၊ မအူပင်မြို့နှင့် မြောင်းမြမြို့တို့သို့ (၁)ခု စီ ဖြစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)
