Skip to main content

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ရွေ့လျားဈေးကားရောင်းချမှုနှင့် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်၊ ()ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား(Mobile Market)စနစ်ဖြင့် ရောင်းချနေမှုကိုလည်းကောင်း။

သံသုမာလမ်းတစ်လျှောက်မှ ကျိုက္ကဆံချောင်းအထိ ရေမြောင်းများအတွင်း အမှိုက်များနှင့် မြောင်းချေးများအား ဆယ်ယူရှင်းလင်းနေမှုနှင့် သံသုမာလမ်းမကြီးပေါ် အုပ်မိုးကိုင်းများ၊ ဓာတ်အားလိုင်းမလွတ်သော ကိုင်းများကို ခုတ်ထွင်းရှင်းလင်း ပုံသွင်းနေမှုတို့လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက် သခင်ဖိုးလှကြီးလမ်း ကျိုက္ကဆံချောင်း စီမံကိန်း()ရေတံခါးတွင် ရေစီးရေလာစီမံခန့်ခွဲမှုဌာန က ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်များဆယ်ယူနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)