Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အဆင့်မြင့် လယ်ယာမြေဖော်ထုတ်စိုက်ပျိုးနေမှုများနှင့် စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာရှိ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် နေပြည်တောကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်မှန်းဆောင်ရွက်သည့်နေရာတွင် စိုက်ပျိုးမှုထုတ်ကုန်စွမ်းအား မြင့်မားရေး၊ ထုတ်ကုန်အရည်အသွေး ကောင်းမွန်ရေးနှင့် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ရေး၊ ကျေးလက်နေ တောင်သူတို့၏ ဝင်ငွေတိုးတက်မြင့်မားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် ရည်မှန်းချက်များဖြင့် လယ်ယာကဏ္ဍကို ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ယခင်သမာရိုးကျ လယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရန်လိုအပ်မည်ဖြစ်ပြီး စက်မှုလယ်ယာ ဖော်ဆောင် သည့် နေရာတွင် စက်ယန္တယားများ တွင်ကျယ်စွာအသုံးပြုနိုင်ရေးနှင့် လယ်ကွက်များ စနစ်တကျ လယ်ယာမြေသို့ ပြောင်းလဲဖော်ထုတ်ခြင်းကဲ့သို့ အခြေခံကျသည့် လုပ်ငန်းစဉ်များ ဆောင်ရွက် ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌသည် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်စိုက်ပျိုး နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်သူ ဦးမြလှိုင်၏ သဘာဝငှက်ပျော(ဖီးကြမ်း) ()ဧက စိုက်ခင်းတွင် ငှက်ပျောပင်များ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေ၊ ပျဉ်းမနားမြို့နယ် ကျီးအင်းကျေးရွာရှိ ဟင်းသီးဟင်းရွက် အအေးခန်းစက်ရုံ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)