Skip to main content

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူး စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၉/၂၀၂၁)ကို ယနေ့ နံနက် ၁၀ နာရီတွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များကို ဖတ်ကြားရှင်းလင်းပြီး ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာ သည့် နေရပ်ပြန်မြန်မာ နိုင်ငံသားများအား စနစ်တကျ သေချာစစ်ဆေးပြီး ကျန်းမာရေးကူညီစောင့်ရှောက်မှု ပေးရန်၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးမည်ဖြစ်၍ စာရင်းဇယားများ စနစ်တကျ ကြိုတင်ပြုစုထားရန်နှင့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ နေထိုင်သွားလာနိုင်ရေးအသိ ပညာပေးဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးက တိုင်းဒေသ ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး အကြံပြုချက်များကို လည်းကောင်း၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)