Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်း စရာ အစီအစဉ်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ရောဂါ ခံစားရပြီးသူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်သလားဆိုတာကို ပြောကြားပေးပါဦး။

 

ဒေါက်တာခင်ခင်ကြီး ။ ။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားခံစားရသူတွေ အနေနဲ့ နောက်တစ်ကြိမ် ထပ်ဖြစ်မှာကို စိုးရိမ်ကြောက်လန့်ပါတယ်။ ဖြစ်ပြီးသွားရင် ကိုယ်ခံအား တွေက ဘယ်လောက် အထိ ရှိနေမှာလဲ၊ ကာကွယ် ဆေးတွေထပ်ထိုးဖို့ လို/မလို ဒါတွေကို မေးမြန်းလာ ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို လည်း ဒီမေးခွန်းမေးမြန်းကြတာများတဲ့အတွက် WHO ရဲ့ ဩဂုတ်လ ၂၀ ရက် ထုတ်ပြန်ချက် Episode #50 g “Do I still need the vaccine if I have COVID-19” ခေါင်းစဉ်နဲ့ ဆွေးနွေးထားတာကို ကိုးကားပြီး ပြန်လည်ဆွေးနွေးသွားပါမယ်။

 

ဒီဆွေးနွေးချက်ရဲ့ အဓိက ခေါင်းစဉ်က ကိုဗစ်၁၉ ဖြစ်ပွားပြီးသူအနေနဲ့ ကာကွယ်ဆေးတွေ ထိုးဖို့ လိုသလားဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Chief Scientist goz Dr. Soumya Swaminathan ရဲ့ ဆွေးနွေးချက်ဖြစ်ပါတယ်။ Dr. Soumya Swaminathan က ကိုဗစ် - ၁၉ ဖြစ်သွားပြီးရင် သူ့မှာ ကိုယ်ခံအားတွေ ရှိလာမှာသေချာပါတယ်။ ဒါပေမယ့်ကိုယ်ခံအားအတိုင်းအတာ ဘယ် လောက် အထိ ရှိမလဲဆိုတာကို မသိနိုင်ပါဘူး။

 

တကယ်လို့သာမန်နဲ့ အသင့်အတင့်လက္ခဏာပဲ ခံစားရတယ်ဆိုရင် ကိုယ်ခံအားက သာမန်နဲ့ အသင့်အတင့်လောက်ရှိပါတယ်။ ရောဂါပြင်းထန်စွာ ခံစားရတယ်ဆိုရင် ကိုယ်ခံအားက ပိုရှိပါတယ်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားပြီးသူတွေအနေနဲ့ သူတို့က ပြန်ပြီးကူးစက်ခံရမှာ ကြောက်ပါတယ်။ ပုံမှန်အားဖြင့် ကိုဗစ်-၁၉ ဖြစ်ပြီးသူတွေ ပြန်ကူးစက် နိုင်ဖို့ အခွင့်အလမ်းက ၁၀၀ မှာ တစ်ဦးထက် နည်း ပါတယ်။ သူတို့တွေအနေနဲ့ ကိုဗစ် - ၁၉ ဖြစ်ပွားပြီး တဲ့အခါ နောက်ထပ်ပြန်ဖြစ်မှာ စိုးရိမ်တဲ့အတွက် ကာကွယ်ဆေးထိုးဖို့ လို/မလို ဒါနဲ့ပတ်သက်ပြီး Dr. Soumya Swaminathan က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံဖို့ လိုပါတယ်။ ဘာအတွက် လိုအပ်သလဲဆိုရင် ရောဂါ ဖြစ်ပြီးသူတွေရဲ့ ကိုယ်ခံအားက တစ်ယောက်နဲ့ တစ်ယောက် မတူညီပါဘူး။ ရောဂါဝေဒနာ ခံစားရပုံနဲ့ အသက်အရွယ်အလိုက် မတူညီကြပါဘူး။ တချို့တွေက ကိုယ်ခံအားကောင်းမွန်စွာ ထွက်ရှိပြီးတချို့တွေက ကိုယ်ခံအား အများကြီး မထွက်တာမျိုး ရှိနိုင်ပါတယ်။

ဒါကြောင့်ဘယ်လောက်အထိ ကိုယ်ခံအား တက်တယ်ဆိုတာက တစ်ဦးနဲ့တစ်ဦး မတူညီတဲ့ အတွက် ဒါကို တစ်ပြေးညီပြောလို့ မရပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူက ယခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ ၃၇၀၀၀၀ ကျော်၊ ၃၈၀၀၀၀ နီးပါး ရှိပြီဖြစ်ပါတယ်။ သေချာတာကအခုလိုကူးစက်ခံရသူတွေအနေနဲ့ ကိုယ်ခံ အား ရှိနေတာ သေချာပါတယ်။ ကိုယ်ခံအား ရှိနေတယ်၊ သူတို့ နောက်တစ်ကြိမ် ပြန်ကူးစက်ဖို့ အခွင့် အလမ်းက နည်းပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ ။

 

ဒီနေရာမှာ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရရှိတဲ့ကိုယ်ခံအားသည် တစ်နည်းအားဖြင့် ဘယ် အသက်အရွယ်မှာ ဘယ်လောက်ကာကွယ်နိုင်တယ်၊ ရောဂါလက္ခဏာ ပြင်းထန်စွာ ဖြစ်ပွားမှုနဲ့ သေဆုံးမှု တို့က ဘယ်လောက်ကာကွယ်တယ်ဆိုတာကို လူပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံနဲ့ စမ်းသပ် ထားတဲ့ သုတေသနရလဒ်တွေအရ ထွက်ပေါ်လာတဲ့ အဖြေတွေဖြစ်တဲ့အတွက် ခိုင်မာပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။ ရောဂါဖြစ်ပြီးသူ တွေအနေနဲ့ ကာကွယ်ဆေးထိုးပါလို့ ပြောထားပါ တယ်။ ကာကွယ်ဆေးထိုးခြင်းဖြင့် မိမိမှာ နဂိုရောဂါ ဖြစ်နေတာကို ကာကွယ်ဆေးနဲ့ ထပ်ပြီးကာကွယ် ခြင်းဖြင့် ကိုယ်ခံအားတွေ ပိုများလာတယ်၊ ပိုပြီးကြာရှည်ခံတဲ့သဘောကိုပြောခြင်း ဖြစ်ပါတယ်။

 

အစီအစဉ်မှူး ။ ။ ဒီလိုကာကွယ်ဆေးကို ဘယ် လောက်အကြာမှာ ထိုးနှံဖို့ လိုအပ်သလဲဆိုတာကို ပြောကြားပေးပါဦး။

 

ဒေါက်တာခင်ခင်ကြီး ။ ။ ကာကွယ်ဆေး ကိုဘယ်လောက်အကြာ မှာ ထိုးရမှာလဲ၊ အခုဆိုရင် ကိုဗစ် - ၁၉ ခံစားရတယ်၊ရောဂါဝေဒနာ သက်သာသွားပြီ၊ပျောက်ကင်းသွားပြီ၊ ဒါဆိုရင် ထိုးလို့ရပြီလား ဒါကို တချို့တွေက သိချင် ကြပါတယ်။

 

ဒါနဲ့ပတ်သတ်ပြီး Dr. Soumya Swaminathan က ကာကွယ်ဆေးကို မဖျားမနာဘူး နေကောင်း သက်သာရင် ထိုးလို့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရက်သတ္တပတ်အနည်းငယ် စောင့်ဖို့ အကြံပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါ တလေမှာ ရောဂါသက်သာပြီး နှာခေါင်းအနံ့ မရသူက နှာခေါင်းအနံ့ပြန်ရတယ်။ ရောဂါ လက္ခဏာမပြင်းတဲ့သူကလည်း နည်းနည်းဖျားပြီး ပြန်ကောင်းသွားတယ်။ တစ်ပတ်လောက်နဲ့ ပြန်ကောင်းလာပြီး ကာကွယ်ဆေးသွားထိုးမယ် ဆိုရင် ထိုးလို့မရပါဘူး။ သူကနေ တခြားသူတွေကို ကူးစက်နိုင်တဲ့ အခွင့်အလမ်းတွေက ရှိနေပါ တယ်။ ဒါကြောင့် ရက်သတ္တပတ် အနည်းငယ်စောင့်ဖို့ အတွက် တိုက်တွန်းပါတယ်လို့ ပြောပါ တယ်။

 

ကာကွယ်ဆေးထိုးဖို့ ဘယ်လောက်အကြာမှာ ထိုးရမလဲဆိုတာက နိုင်ငံတစ်ခုနဲ့တစ်ခု မတူပါဘူး။ တချို့နိုင်ငံတွေက ရောဂါပိုးကူးစက်ခံရပြီး သုံးလအကြာ၊ တချို့နိုင်ငံတွေက ခြောက်လအကြာမှာ ထိုးပေးတာရှိပါတယ်။ ရောဂါပိုးကူးစက်ခံရပြီးပြီ ဆိုရင် သူ့ရဲ့ ကိုယ်ခံ အားက အနည်းဆုံး ခြောက်လကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။ ဒီ ခြောက်လ အတွင်းမှာ ပြန်ဖြစ်နိုင်ဖို့နဲ့ ပြင်းထန်စွာ ဝေဒနာခံစား ရဖို့ ရာခိုင်နှုန်းက နည်းပါတယ်။

 

ကာကွယ်ဆေး အကန့်အသတ်နဲ့ရှိတဲ့ အခြေ အနေမှာ ကာကွယ်ဆေးတွေကို အန္တရာယ်ရှိနိုင် တဲ့သူတွေ၊ ဖြစ်ပွားကူးစက်ရင် သေဆုံးနိုင်တဲ့သူတွေ ကို ဦးစားပေးထိုးနှံဖို့အတွက် နိုင်ငံတိုင်းက စီစဉ်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးအကန့်အသတ်ရှိတဲ့ နိုင်ငံတွေက ပိုးတွေ့ရှိသူတွေကို ခြောက်လပြည့်ခါနီးမှာ ထိုးပေး ပါတယ်။ ဒီထက်ကာကွယ်ဆေးတွေရရင် ဒီထက် ပိုစောပြီး ထိုးပေးဖို့ရှိပါတယ်။ ။

 

မြန်မာနိုင်ငံအနေနဲ့ ခြောက်လပြည့်ခါနီးမှာ ကာကွယ်ဆေးထိုးပေးဖို့ အစီအစဉ်ရှိပါတယ်။ လက်ရှိ ကာကွယ်ဆေးရရှိမှုက ၈ သန်းရှိပြီး ထိုးနှံပေးတာက ပြီးသလောက်ဖြစ်နေပြီ။ မကြာခင် မှာ နှစ်သန်း ထပ်ရောက်မယ်။ နောက်ထပ် ဝယ်ယူထားတာတွေ ထပ်ရောက်ဖို့လည်း ဆောင်ရွက်နေပါတယ်။ လက်ရှိကာကွယ်ဆေးတွေကိုလုံးဝကာကွယ်နိုင်မှု မရနိုင်သေးတဲ့ သူတွေ၊ အသက်ကြီးသူတွေ၊ နောက်ခံရောဂါရှိသူတွေကို ထိုးနှံကြပါစေ၊ မိမိအနေ နဲ့ ကာကွယ်မှုရပြီးသားဆိုတာကို သိစေချင်ပါတယ်။

 

နောက်တစ်ခု အရင်ကိုဗစ် - ၁၉ ဖြစ်တုန်းက Monoclonal Antibodies calo saj.po မှုမှာသုံးတဲ့ ဈေးကြီးတဲ့ဆေးမျိုးတွေ၊ ပြန်ကောင်း လူနာတွေရဲ့ သွေးရည်ကြည်တွေသုံးပြီး ကုသမှု ခံယူထားသူတွေအနေနဲ့ ရက် ၉၀ (၃ လ) ထက်စောပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံလို့ မရပါဘူး။ ဒါက နဂိုရှိနေတဲ့ ရောဂါပိုးဝင်ရောက်လို့ ထွက်လာတဲ့ ကိုယ်ခံအားတွေ၊ ရောဂါဖြစ်နေတုန်းပေး တဲ့သွေးရည်ကြည်ထဲမှာပါတဲ့ ကိုယ်ခံအားတွေနဲ့ မလိုအပ်တဲ့ တုံ့ပြန်မှုတွေဖြစ်မှာ စိုးရိမ်တာ ကြောင့် ဒါကို တားမြစ်ထားတာ ဖြစ်ပါတယ်။

 

ကိုဗစ်-၁၉ကာကွယ်ဆေးက ထိုးတိုင်းကောင်း တဲ့ ကာကွယ်ဆေးလားဆိုရင် မဟုတ်ပါဘူး။ တချို့တွေက မိမိကိုယ်ကို ဂရုစိုက်လွန်းတဲ့အတွက်ကာကွယ်ဆေးတွေကို များလေကောင်းလေ ဆိုပြီး ထိုးနှံတဲ့သူတွေရှိပါတယ်။ ဒါက မလုပ်သင့်ပါဘူး။ ကျွန်မတို့ နံနက်တစ်နပ် ထမင်းစား တယ်။ ညနေ တစ်နပ် ထမင်းစားတယ်။ တစ်ခါတည်း နှစ်ကြိမ် စာကို ပေါင်းစားလို့ မရသလို အန္တရာယ်ဖြစ်စေ နိုင်ပါတယ်။ ဥပမာ - ပါရာစီတမော တစ်နေ့ကို တစ်လုံးနဲ့ လေးကြိမ် သောက်ရမယ်ဆိုရင် ဆေးရဲ့ အာနိသင်ရရှိမှုကို တွက်ချက်ထားပြီး ညွှန်ကြားတာ ဖြစ်တဲ့အတွက်လေးကြိမ်သောက်ရမှာ ဖြစ်ပါတယ်။ ကာကွယ် ဆေးသည် များလေကောင်းလေဆိုတဲ့ အမျိုးအစား မဟုတ်ပါဘူး။ ဒီတော့ သတ်မှတ်တဲ့ အကြိမ်အတိုင်း ထိုးနှံဖို့ လိုအပ်တယ်ဆိုတာ ပြောချင်ပါတယ်။ ။

 

အချို့သုတေသနတွေမှာ ရောဂါကူးစက်ခံရ တယ်ဆိုရင် ကာကွယ်ဆေး တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်တယ် ပြောပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရောဂါပိုးကူးစက်ခံရတာက ကာကွယ် ဆေး တစ်ကြိမ်ထိုးသလိုဖြစ်မယ်၊ ကာကွယ်ဆေးထိုးတာ က ဒုတိယအကြိမ် ထိုးသလိုဖြစ်မယ်။ ဒီအခါမှာ ကိုယ်ခံအားတွေက တော်တော်ကောင်းတယ်လို့  ပြောတာလည်းရှိပါတယ်။ သုတေ သနတွေ့ရှိချက်တွေအရ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွား မှုကနေ ပြန်ကောင်းပြီ ဆိုရင် ထိုးပါ။

 

တချို့ သုတေသနတွေက ကိုဗစ် - ၁၉ ဖြစ်ပြီ ဆိုရင် ကိုယ်ခံအား တွေ ခန္ဓာကိုယ်ကနေ တည်ဆောက်မယ်၊ အလုပ်လုပ်မယ်။ ဒီအတွက် အချိန်ပေးရပါတယ်။ အချိန်မပေးဘဲ ကာကွယ်ဆေး ထိုးလိုက်မယ်ဆိုရင် ကာကွယ်ဆေးရဲ့ အာနိသင် အပြည့်အဝ မရတဲ့အတွက် အကျိုးရှိသင့်သလောက် မရှိဘူးဆိုတာကို သိစေချင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် အလုပ်လုပ်ဖို့ အတွက် စောင့်ရ တာဖြစ်ပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားတာနဲ့ ကာကွယ်ဆေးထိုး တာက အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ခြားဖို့လိုတယ်လို့ ပြောခြင်းဖြစ်ပြီး ကာကွယ် ဆေးထိုးနှံဖို့ လိုပါတယ်။

 

အချို့တွေက ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး နောက် ၄/၅ ရက်မှာ ပိုးတွေ့ တယ်။ ဒုတိယအကြိမ် ဘယ်တော့ ထိုးရမလဲဆိုတာနဲ့ ရော မသွားစေချင်ပါဘူး။ ကာကွယ် ဆေးကို တစ်ကြိမ်နဲ့တစ်ကြိမ်ခြားပြီး ကြားထဲမှာ ကာကွယ်မှု အပြည့်အဝ မရခင် ပိုးကူးစက်ခံရရင် ဒုတိယအကြိမ် ထိုးရမှာလား၊ မထိုးရဘူးလား။ ဘယ်လောက်ခြားမလဲဆိုတာ ပြောခြင်းဖြစ်ပါတယ်။ ပျမ်းမျှ ၂၈ ရက် ခြားလို့ရပါတယ်။ ဒါကို အများပြည်သူ မရှင်းမှာစိုးလို့ ထပ်ပြီးရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်။ ။

(ဆက်လက်ဖော်ပြပါမည်)

ထက်လျှံ