နေပြည်တော် စက်တင်ဘာ ၂
မွန်ပြည်နယ် ကျိုက္ခမီမြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေ သည့်တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃၁ ရက် နံနက် ၃ နာရီ ၅ မိနစ်တွင် ကျိုက္ခမီမြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၃ မိုင်ခန့်အကွာသို့အရောက်၌ ရေဝင်နစ်မြုပ်မှု ဖြစ်ပေါ်နေသည့် ငါးဖမ်းမွှေပိုက်လှေငယ်တစ်စင်းအား တွေ့ရှိသဖြင့် အဆိုပါလှေမှ လှေသားခြောက်ဦးကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အဆိုပါ ငါးဖမ်းမွှေပိုက်လှေငယ်သည် သံဖြူ ဇရပ်မြို့နယ် စက်စဲကမ်းခြေ ဓမင်းဆိပ်ကျေးရွာနေ ဦးအထွန်း ပိုင်ဆိုင်သော လှေဖြစ်ပြီး ၎င်းလှေသည် လှိုင်းလေကြမ်းတမ်းသဖြင့် ရေဝင်နစ်မြုပ်ခဲ့ခြင်း ဖြစ်ရာတပ်မတော်ရေယာဉ်မှ တပ်မတော်သားများက လှေသားခြောက်ဦးကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်