Skip to main content

ကြက်ခြေနီစေတနာလုပ်အားရှင်များအား ချီးကျူးဂုဏ်ပြု

 

ရန်ကုန် စက်တင်ဘာ ၂

မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုး စတင်ကူးစက်ခံရချိန် ၂၀၂၀ ပြည့်နှစ် မတ်လမှ စ၍ ယနေ့အချိန်ထိတိုင် နေပြည်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ခရိုင်အသီးသီးမှ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများ၊ အသင်းခွဲငယ်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များသည် သက်ဆိုင်ရာဒေသ အလိုက် ရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အရှိန်အဟုန်မပျက် နေ့ရောညပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ အောက်ဆီဂျင် အချိန်မီရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ဆေးရုံများသို့ ညွှန်းပို့ပေးခြင်း စသည်တို့ကို တက်ကြွစွာပါဝင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့မြင်သိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များ အားလုံးကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက အထူးဝမ်းမြောက် မှတ်တမ်းတင် ချီးကျူးဂုဏ်ပြုအပ်ပါသည်ဟု သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

သတင်းစဉ်