နေပြည်တော် စက်တင်ဘာ ၂
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေး အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာ ကွယ်ရေး ထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းနှင့် အသက် နှစ်နှစ်အောက်ကလေးမိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး လျှင်ထောက်ပံ့ငွေကျပ် ၄၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၅၅၂၆ စု၊ လူဦးရေ ၂၄၁၇၂ဦးတို့အတွက်ဆန်၅၁၃ အိတ်၊ အမရပူရမြို့ နယ်လေးစုရပ်ကွက်ရှိ အိမ်ထောင်စု ၄၉၄၆ စု၊ လူဦးရေ ၁၈၀၃၂ ဦးတို့အတွက် ဆန် ၁၂၃၆ အိတ်နှင့် ၁၂ ပြည်၊ ဥယျာဉ်တော်ကျေးရွာ၊ ဓနုံးကျေးရွာ၊ ကမ္ဘကျေးရွာ၊ တပ်ကြီးကျေးရွာ၊ ဘုန်းတော်နိုင်ငံကျေးရွာနှင့် ဘနောကျေးရွာတို့ရှိ အိမ်ထောင်စု ၁၁၅၀ စုတို့အတွက် ဆန် ၂၈၇ အိတ်၊ ၁၂ ပြည်တို့ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက အသီးသီးသွားရောက် ထောက်ပံ့ လှူဒါန်း ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်