Skip to main content

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ် ချက်များအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

၁။ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများ အပေါ်ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါကန့်သတ်ချက်များ အားလုံးကို ၃၁-၈-၂၀၂၁ ရက်နေ့အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၃၀-၇-၂၀၂၁ ရက်စွဲပါကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်-

(က) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၁၅-၃-၂၀၂၀ ရက်စွဲပါကြေညာချက်၊

(ခ) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့်စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊

(ဂ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊

(ဃ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေးဗီဇာ အပါအဝင် မည်သည့်ပြည်ဝင်ဗီဇာ အမျိုးအစား ကိုမဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍ ၂၈-၃-၂၀၂၀ ရက်စွဲပါကြေညာချက်။

၂။ COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့် ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံ များကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအနေဖြင့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများ အားလုံးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပါသည်။

၃။ သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေး လေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရန် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲ ညွှန်ကြားချက်များကို မပျက်မကွက်လိုက်နာကြရမည် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်