Skip to main content

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

 

နေပြည်တော် ဩဂုတ် ၂၇

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှား နေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

သွားရောက်စစ်ဆေး

ထိုသို့ ဆောင်ရွက်ခဲရာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာရှိ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ပေါက်ကွဲမှုဖြစ်ပွား ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆေးခန်းတွင် သားဖွားဆရာမ ဒေါ်မိုးသန္တာ (၄၁)နှစ် ()ဦးလှထွန်းသည် ဆေးပေးခန်း၌ ရှိနေစဉ် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးမှ ရွာအဝင်ကွန်ကရစ်လမ်းအတိုင်း အကြမ်းဖက်သူ အမျိုးသား ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆေးခန်းခြံစည်းရိုးအတွင်း ဝင်ရောက်၍ လက်ပစ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် ဆေးခန်း၏မီးဖိုခန်းအတွင်းသို့ ကျရောက်ပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဝတ်အစားဗီရို လုံး၊ အိပ်ခန်းတံခါးတို့ ပျက်စီးခဲ့ကြောင်း နှင့် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းသိရသည်။

စုံစမ်းဖော်ထုတ်

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်