နေပြည်တော် ဩဂုတ် ၂၇
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၆ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၆၇ ဦးနှင့် အမျိုးသမီး ၁၁၂ ဦး စုစုပေါင်း ၂၇၉ ဦး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေးဂိတ်၊ နမ့်ဖာဟော် တံတားမှ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၆ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေးဂိတ် ရန်လုံကျိုင်းတံတားမှ အမျိုးသား သုံးဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၀၄ ဦးနှင့် အမျိုးသမီး ၉၇ ဦး စုစုပေါင်း ၂၀၁ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့သည်။ ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာ နချုပ်အသီးသီးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကူညီဆောင် ရွက်ပေးကြသည်။ ။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော် တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့်ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
သတင်းစဉ်