နေပြည်တော် ဩဂုတ် ၂၇
ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း များ စားရေးအဆင်ပြေ စေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုထောက်ပံ့လှူဒါန်း လျက် ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ မြို့နယ်ပြည်သူ့ ဆေးရုံ(ခုတင်-၅၀၀)ရှိ ကျန်းမာရေးဝန်ထမ်း များနှင့် လပွတ္တာမြို့ မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များမှ အသင်းသားများအတွက် ထောက်ပံ့ ငွေများ ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက် လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်