Skip to main content

ကုန်စည်/စီးဆင်းဗဟိုနှင့် ပူးပေါင်း၍ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၇

 

ဘဏ်လုပ်ငန်းဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးနှင့် ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံပိုင်ဘဏ်များ၊ နိုင်ငံခြားဘဏ်များမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် (ကုန်စည်/ စီးဆင်း ဗဟို) အတွင်းရေးမှူးက မေ၊ ဇွန်နှင့် ဇူလိုင်လများ အတွက် စက်ရုံ/အလုပ်ရုံများမှ လုပ်ခ လစာများ ပေးချေရန် ကျန်ရှိနေသည့်ကိစ္စ၊ ဗီယက်နမ် နိုင်ငံတွင် ကိုဗစ်ဖြစ်ပွား၍ မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံများတွင် အမှာစာများ ပြန်လည်ရရှိပြီး လုပ်ငန်းများ ပြန်လည် လည်ပတ်ရေးကိစ္စ၊ ဘဏ်များမှဆောင်ရွက်ပြီးစီးမှု အခြေအနေများ ယခု ဩဂုတ်လအတွင်း စိစစ်ဆောင်ရွက်ပေးမည့် အကြောင်းအရာများကို ဆွေးနွေးသည်။
ယုံကြည်မှု ပိုမိုကောင်းမွန်လာစေရန်
ယင်းနောက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကဘဏ်များ၏Operation ပိုင်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် CBM-Net System အတွင်း ဘဏ်များအနေဖြင့် တစ် ဘဏ်နှင့် တစ်ဘဏ် ငွေလွှဲပြောင်းမှုများကို ကန့်သတ်ချက်မရှိဘဲ ဆောင်ရွက်ပေးရေး၊ ပမာဏကြီးမားသော လွှဲပြောင်း မှုများအတွက် တစ်ဘဏ်နှင့် တစ်ဘဏ်ညှိနှိုင်း၍ Customer များအား T+2 တွင် ဆောင်ရွက် ပေးနိုင်ရေး၊ ပမာဏသေးငယ်သော Transaction များ အတွက် အချိန်နှင့် တစ်ပြေးညီ ကန့်သတ်ချက် မရှိ ဆောင်ရွက်ပေးနိုင်ရေး၊ လုပ်ခလစာများ အချိန်မီ ထုတ်ပေး နိုင်ရေး၊ စက်ရုံ အလုပ်ရုံများ ပြန်လည်ရှင်သန်နိုင်ရေးသည် နိုင်ငံတော်၏ စီးပွားရေးကို လှုပ်နှိုး ရန် အကြောင်းရင်းတစ်ခုဖြစ်၍ ဦးစားပေးဆောင်ရွက်ရန်၊ နိုင်ငံပိုင်ဘဏ် များမှလည်း ဘဏ်အချင်းချင်း စာရင်းရှင်းလင်းမှု ကာလကို နှစ်ပတ်၊ တစ်လအထိ မကြန့်ကြာစေဘဲ အဓိကအားဖြင့် အခွန်များ၊ လျှပ်စစ်မီတာခများနှင့် အကောက်ခွန် ကိစ္စရပ်များကို နှစ်ချုပ် ဘဏ္ဍာရေးနှစ် မတိုင်မီ ဦးစားပေးဆောင်ရွက်ရန်၊ နှစ်ချုပ် ဘဏ္ဍာ ရေးနှစ်အတွက် Cheque၊ P.0 များဖြင့် စာရင်းရှင်းလင်းရာတွင် အချိန်မီရှင်းလင်းနိုင် ရေး ကြိုတင်ပြင်ဆင်ရန်၊ ဘဏ်များအပေါ် ယုံကြည်မှု ပိုမိုကောင်းမွန်လာစေရန် ဗဟို ဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များအတိုင်း Payment များကို ကန့်သတ်ချက် များမရှိဘဲ ဆောင်ရွက်ပေးရန်နှင့် Digital Payment Account to Account Transfer များ၊CBM-Net ၏ Account Transfer များ Mobile Payment များ စသည့်အီလက် ထရွန်နစ်ငွေပေးချေမှု နည်းလမ်းများကို တွန်းအားပေးဆောင်ရွက်ရန် ဆွေးနွေးပြော ကြား သည်။ ဝန်ဆောင်ခနှုန်းများ လျှော့ချရန်လို
ဆက်လက်၍ ယခုလိုအခြေအနေမျိုးတွင် ဘဏ်များအားလုံး စုစုစည်းစည်းညီညီ ညွတ်ညွတ်ဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှု ပေးရာတွင် ကန့်သတ်ချက်များ လျှော့ချ၍ ဝန်ဆောင်ခနှုန်းများ လျှော့ချရန်လိုကြောင်း၊ ဗဟိုဘဏ်မှ ဘဏ်များ၏ ရေရှည်ရပ်တည် face Financial Strength ပိုမိုအားကောင်းစေရေးတို့ကို ရေရှည်တွင် ဆောင်ရွက် ရမည့် ကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ Credit Expansion ပြုလုပ်နိုင်ရန် soogos MMK Liquidity, FX SWAP Facility များလည်း ပံ့ပိုးထားပါကြောင်း၊ လိုအပ်ပါက လည်း Credit Line များပေးရန်ရှိပါကြောင်း၊ ဘဏ်များအနေဖြင့် တိုင်းပြည်၏စီးပွားရေး ကို လှုပ်နှိုးနိုင်မည့် လုပ်ငန်းကြီးများ၊ လုပ်ငန်း ငယ်များအတွက် Finaning ပေးနိုင်ရန်ကာလတို/ကာလရှည်အသုံးပြုမည့် Funding Mechanism များ ဗဟိုဘဏ်မှ စဉ်းစားပေးနေ ခြင်းနှင့် ဗဟိုဘဏ်သို့ Reporting ပေးရာ တွင် Data များမှန်ကန်ပြီး အချိန်မီပေးပို့ရန် လိုအပ်ကြောင်း၊ သို့မှသာ ဗဟိုဘဏ်က ထိရောက်သော သုံးသပ်ချက်များနှင့် မူဝါဒများ ချမှတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်