Skip to main content

အကြမ်းဖက်မှုများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် သတင်း ပေးသူနှင့် ဖမ်းဆီးသူများ အား ထိုက်တန်စွာဆုချီးမြှင့်မည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ချက်

နေပြည်တော်၊ ဩဂုတ် ၂၇

၁။ အကြမ်းဖက်အုပ်စုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)အမည်ခံ အဖွဲ့အစည်းများနှင့် ယင်းတို့၏ လက်အောက် ခံဖြစ်သော အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမည်ခံ အဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပျက်ပြား စေရန်၊ ပြည်သူလူထုအားကြောက်ရွံ့မှုများဖြစ်ပေါ်စေပြီး ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်တိုက် ခိုက်မှုများ ကို နေ့စဉ်ကျူးလွန်လျက်ရှိပါသည်။

 

၂။ အကြမ်းဖက်မှုများသည် ပြည်သူတို့၏ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိသဖြင့် ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်ကြရန် လိုပါသည်။

 

၃။ အကြမ်းဖက်မှုဆိုရာတွင် ကိုယ်တိုင်အကြမ်းဖက်တိုက်ခိုက်ခြင်းမပြုသော်လည်း အကြမ်းဖက်အုပ်စု၊ အကြမ်းဖက် သမားများနှင့်စပ်လျဉ်း၍ အောက်ပါပြုလုပ်မှုများပြုလုပ်ပါက အကြမ်းဖက်မှုကျူးလွန်ရာရောက်ပြီး အကြမ်းဖက်မှု တိုက် ဖျက်ရေး ဥပဒေအရ အရေးယူခြင်းခံရပါမည်-

 

(က)  အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင်ပါဝင်စေရန် တိုက်တွန်း မှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ၊

 

(ခ)   အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူနိုင် ခြင်းမပြု နိုင်စေရန်၊ လွတ်မြောက်စေရန် ထိန်ချန်ခြင်း၊ သိလျက်နှင့်ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီ တည်းခို နေထိုင်ခွင့်ပေးခြင်း၊ ဝှက်ထား ခြင်း၊

       

(ဂ )    အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို အဆောက်အအုံနှင့်နေရာတစ်ခုခုကို အသုံးပြု

ခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန်၊ သယ်ယူ ပို့ဆောင်ရေး စီစဉ် ဆောင်ရွက်ပေးရန်ပြုလုပ်မှုများ၊

 

(ဃ)    အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခုအတွက်ငွေကြေးထောက်ပံ့ခြင်း၊ကောက်ခံခြင်း၊ လက်ခံခြင်း

 ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း၊ ယင်းကဲ့သို့ ပြုလုပ်ရန် ညွှန်ကြားခြင်း၊ ပါဝင်ဆောင်ရွက်ခြင်း။

 

၄။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရပါက အရေးယူခြင်းခံရသူပိုင် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက နိုင်ငံ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်း ခံရပါမည်။

၅။ အကြမ်းဖက်မှုများကို ဝိုင်းဝန်းတိုက်ဖျက်ရာတွင် သတင်း ရရှိရေးသည် အလွန်အရေး ကြီးသဖြင့် ပြည်သူများအနေ ဖြင့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများနှင့်စပ်လျဉ်း၍ ရရှိသမျှသတင်းကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အစည်း များ၊ ရဲစခန်းများသို့ သတင်းပေးရန်လိုပါသည်။ ယင်းကဲ့သို့ သတင်းပေးပါက အောက်ပါ အတိုင်းဆောင်ရွက် ပေးမည် ဖြစ်ပါသည်-

 

(က)    သတင်းပေးသူသည် မိမိ၏အမည်၊ နေရပ်တို့ကို ဖော်ပြခြင်းမပြုဘဲ သတင်း ပေးနိုင်ပါသည်။

(ခ)     သတင်းပေးသူက အမည်၊ နေရပ်ကို ဖော်ပြသတင်းပေးပါကလည်း အထူး လျှို့ဝှက်ထားမည်ဖြစ်ပါသည်၊

(ဂ)  ရရှိသည့်သတင်းအရ ဖော်ထုတ်ရရှိမှုအပေါ်မူတည်၍ သတင်းပေးသူနှင့် ဖမ်းဆီးသူတို့အား ဆုကြေးငွေ အနည်းဆုံးကျပ် ၅ သိန်းမှ အများဆုံးပမာဏကို ကန့်သတ်မထားဘဲ ဖြစ်စဉ်အပေါ်မူတည်ပြီး ထိုက်ထိုက် တန်တန်လျှို့ဝှက်၍ ချီးမြှင့်မည်ဖြစ်ပါသည်။

၆။ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် မိမိတို့၏ လူမှုဘဝလုံခြုံမှုအတွက် မိမိပတ်ဝန်းကျင်၌ အကြမ်းဖက်သမားများ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်များမရှိစေရေး ဝိုင်းဝန်း ဖော်ထုတ်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့